
ဆီးရီးယားနိုင်ငံ အရှေ့မြောက်ပိုင်း ကာမီရှလီမြို့က အာရှုရိလူမျိုးတွေနဲ့ တခြားဒေသခံတွေဟာ ဧပြီ ၁ ရက်မှာ အာရှုရိလူမျိုးတွေရဲ့ ရှေးဟောင်းနွေဦးပွဲတော် အာကီတူကို ကျင်းပခဲ့ပြီး မက်ဆိုပိုတေးမီးယား ယဉ်ကျေးမှုအထိ နှစ်ပေါင်းထောင်ချီကတည်းက ရိုးရာဓလေ့တခုကို ဂုဏ်ပြုခဲ့ကြပါတယ်။
ပါဝင်သူတွေက ရိုးရာဝတ်စုံတွေကို ဝတ်ရင်း လေဟာပြင်မှာ စုဝေးခဲ့ကြပါတယ်။ ပြန်လည်ဆန်းသစ်ခြင်းနဲ့ နွေဦးရာသီ ရောက်ရှိလာခြင်းကို ကိုယ်စားပြုတဲ့ အာရှုရိ လူမျိုးတွေရဲ့ နှစ်သစ်ကူးပွဲတော် အထိမ်းအမှတ်အဖြစ် တေးဂီတတွေ၊ အကတွေနဲ့ ဆင်နွှဲခဲ့ကြပါတယ်။
ဘေဘီလုံ-အဆီးရီးယား နှစ်သစ်ကူးပွဲတော် အာကီတူဟာ သဘာဝတရားရဲ့ ပြန်လည်ဆန်းသစ်မှုနဲ့ အသက်ရှင်သန်မှုရဲ့ ပြန်လည်ဆန်းသစ်မှုကို ဂုဏ်ပြုပါတယ်။
“ကျနော်တို့ဟာ နှစ်သစ်နဲ့ ရက်သစ်တွေကို ဂုဏ်ပြုပါတယ်” လို့ ဒေသခံ အလီယာနာ ရှာဘိုက ပြောပါတယ်။
ဒီပွဲတော်ကို သမိုင်းကြောင်းအရ ရက်အတော် ကြာ ကျင်းပခဲ့ပေမဲ့ အခုတော့ ဧပြီ ၁ ရက်နေ့မှာ ကျင်းပနေပြီလို့ ထောက်ပြခဲ့ပါတယ်။
နောက်ထပ် ဒေသခံတယောက်ဖြစ်တဲ့ ဆာလင် အဗ္ဗဒူလ် မာဆီက ဒီပွဲတော်ကို ဆီးရီးယားမှာ တရားဝင် အသိအမှတ်ပြုဖို့ တောင်းဆိုခဲ့ပါတယ်။
“ဒီနေ့ ကျနော်တို့ရဲ့ တောင်းဆိုချက်ကတော့ ဒီပွဲတော်ကို ဆီးရီးယားမှာ တရားဝင် ရုံးပိတ်ရက်အဖြစ် အသိအမှတ်ပြုဖို့ပါပဲ။ ဘာလို့လဲဆိုတော့ ဒီပွဲတော်ဟာ ဒေသတွင်း နေထိုင်သူအားလုံးကို ကိုယ်စားပြုလို့ပါ။ ဒါဟာ ဆီးရီးယားနဲ့ ဒီမှာရှိတဲ့ ယဉ်ကျေးမှုအားလုံးကို ကိုယ်စားပြုပါတယ်” လို့ သူက ပြောခဲ့ပါတယ်။
Source: Reuters










