DVB Logo
Home
မြန်မာသတင်း
ဒီပဲယင်းမြို့နယ်ရှိ စစ်တပ် မီးရှို့ခံခဲ့ရသည့် နေအိမ် ၅၀၀ အတွက် ငွေကြေးလှူဒါန်း
DVB
·
June 20, 2023
ဒီပဲယင်းမြို့နယ်ရှိ စစ်တပ် မီးရှို့ခံခဲ့ရသည့် နေအိမ် ၅၀၀ အတွက် ငွေကြေးလှူဒါန်း
1 / 4
Donate to DVB

စစ်ကောင်စီတပ်တွေရဲ့ မီးရှို့ဖျက်ဆီးမှုကြောင့် နေအိမ် ၅၀၀ နီးပါး မီးလောင်ဆုံးရှုံးခဲ့တဲ့ စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ် အနောက်ခြမ်း ကျေးရွာတရွာက ပြည်သူတွေအတွက် တအိမ် ကျပ် ၁၃၅,၀၀၀ နှုန်းနဲ့ အခု ဇွန်လထဲမှာ ခွဲဝေကူညီ လှူဒါန်းထောက်ပံ့ခဲ့တယ်လို့ ဒီပဲယင်းမြို့နယ် စစ်ရှောင်ထောက်ပံ့ရေးအဖွဲ့ထံက သိရပါတယ်။

“လှူဒါန်းခဲ့ကြတာက ဒီလထဲပါပဲဗျ။ တအိမ်ထောင်ကို ၁၃၅,၀၀၀ နှုန်းနဲ့ စုစုပေါင်း အိမ်ထောင်စု ၄၈၂ အိမ်ပါ။ စုစုပေါင်း လှူဒါန်းမှု တန်ဖိုးကတော့ သိန်း ၆၅၀ နဲ့ ၇ သောင်းပါ။ အလှူရှင်ကတော့ သီးသန့်အလှူရှင်တွေပေါ့ဗျာ။ မနှစ်က ၆ လပိုင်းလောက်က မီးရှို့ခံရတာ၊ အိမ်ခြေ ၄၈၀ ကျော် ရွာလုံးကျွတ်နီးပါး ပါသွားတာပေါ့။ အခု မီးဘေးသင့်ပြည်သူတွေက အဲဒီရွာမှာပဲ ယာယီတဲတွေ ပြန်ဆောက် နေနေကြရပါတယ်။”

“ကျနော်တို့ ဒီပဲယင်းနယ်က မီးဘေးသင့်အိမ်ခြေ စုစုပေါင်းက ၆,၀၀၀ ကျော်လောက်ထိ ရှိတော့ အကူအညီတွေ လိုအပ်နေဆဲပါ‌ဗျ။ နောက်တခုက ဒီပဲယင်းနယ်ထဲ တခြားမြို့နယ်တွေက နေရပ်စွန့်ခွာ တိမ်းရှောင်လာရတဲ့ ရက်ကြာရှည် စစ်ရှောင်တွေ ရှိပါတယ်ဗျ။ ရေရှည် စစ်ရှောင်တွေကလည်း အကူအညီ အတော်များများ လိုအပ်နေကြပါတယ် ဆိုတာလေး ပြောလိုပါတယ်” လို့ ဒီပဲယင်းမြို့နယ် စစ်ရှောင်ထောက်ပံ့ရေး အဖွဲ့ဝင်တဦးက ဒီဗွီဘီကို ပြောပါတယ်။

ဒီပဲယင်းမြို့နယ် စစ်ရှောင်ထောက်ပံ့ရေးအဖွဲ့ အနေနဲ့ လက်ရှိအချိန်အထိ ဒီပဲယင်းမြို့နယ် အတွင်း မီးဘေးသင့်ပြည်သူတွေအတွက် အလှုရှင်တွေရဲ့ အကူအညီ အထောက်အပံ့တွေ ရရှိနိုင်ဖို့ ကူညီဆောင်ရွက်ခဲ့ပြီး ကျန်ရှိနေတဲ့ ကျေးရွာတွေအတွက်လည်း ဆက်လက်ရရှိနိုင်ဖို့ ဆောင်ရွက်နေတယ်လို့လည်း ဆိုပါတယ်။

[Photos - ယခုလအတွင်း ဒီပဲယင်းမြို့နယ်ကျေးရွာ တစ်ရွာ မီးဘေးသင့်ပြည်သူများအတွက် ကူညီထောက်ပံ့ခဲ့မှု မှတ်တမ်းအချို့ / ဒီပဲယင်းမြို့နယ်စစ်ရှောင် ထောက်ပံ့ရေး]

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013