DVB Logo
Home
မြန်မာသတင်း
စစ်တပ်စစ်ကြောင်းထိုးနေသဖြင့် ခင်ဦးဒေသခံ ၄၀၀၀ ကျော် ထွက်ပြေးနေရ
DVB
·
June 20, 2023
စစ်တပ်စစ်ကြောင်းထိုးနေသဖြင့် ခင်ဦးဒေသခံ ၄၀၀၀ ကျော် ထွက်ပြေးနေရ
Donate to DVB

စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ်က ယာတော်ရွာအပါအဝင် ရွာ ၈ ရွာကို စစ်ကောင်စီတပ် စစ်ကြောင်းထိုးနေတာကြောင့် ဒေသခံ ၄၀၀၀ ကျော် ထွက်ပြေးနေရတယ်လို့ ခင်ဦးသတင်းမှန်ပြန်ရေးအဖွဲ့က ပြောပါတယ်။

ဇွန် ၁၈ ရက် မနက် ၅ နာရီ ၃၀ ကစပြီး စစ်တပ်က လက်နက်ကြီး/ငယ်တွေ ပစ်ခတ်ကာ စစ်ကြောင်းထိုးလာတာကြောင့်   ယာတော်ကျေးရွာအပါအဝင် သရက်ပင်စု၊ ကားဆိပ်၊ မကျီးအုပ်၊ မြင်းဒေါင်း၊ ကျွန်းတောကြီး၊ ဥယျာဥ်နဲ့  မြင်းကျရွာတွေက ဒေသခံတွေ မနက်မိုးမလင်းခင်ထဲက ထွက်ပြေးနေရတာလို့ ဆိုပါတယ်။ 

ဇွန်လထဲမှာ အဲဒီရွာတွေဆီ ဒုတိယအကြိမ်စစ်ကြောင်း ထိုးလာတာဖြစ်ပြီး ပထမအကြိမ်တုန်းက ဇွန် ၁ ရက်မှ ၁၄ ရက်အထိ စစ်ကြောင်းထိုးခဲ့တာလို့ ဒေသခံတဦးက ပြောပါတယ်။

ပထမအကြိမ် စစ်ကြောင်းထိုးတဲ့ ၂ ပတ်ကြာ စစ်ဆင်ရေး ကာလမှာတော့ ရွာ ၆ ရွာကို မီးရှို့ပြီး ဒေသခံ ၁ ဦးကို သတ်ဖြတ်ခဲ့ပြီး စစ်ဘေးရှောင်းရင်း သက်ကြီး ရွယ်အို ၂ ဦးလည်း သေဆုံးခဲ့တယ်လို့  ဒေသတွင်းကူညီကယ်ဆယ်ရေးအဖွဲ့တွေက ပြောပါတယ်။

စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ်၊ ညောင်ပင်ကြီးရွာ စစ်ကောင်စီရဲစခန်း ဇွန် ၉ ရက်က တိုက်ခိုက်ခံရပြီးနောက် ပြည်သူကာကွယ်ရေးအဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့တာကြောင့် ထွက်ပြေးတိမ်းရှောင်နေရတဲ့ ဒေသခံ ၅၀၀၀ ကျော် စားဝတ်နေရေး အခက်အခဲကြုံနေကြတယ်လို့ သိရပါတယ်။

စစ်တပ်က တိုက်ပွဲပြီးသွားပေမဲ့ ဒီနေ့အထိ ရွာအတွင်း ဝင်‌ရောက် နေထိုင်ခွင့်မပေးတာကြောင့် စစ်ဘေးရှောင်တွေ စာဝတ်နေရေး ခက်ခဲလာသလို  ဖျားနာသူတွေလည်း ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

“စစ်ဘေးရှောင်နေရတာက ရက်ရှည်လာတော့ စာဝတ်နေရေး ခက်ခဲလာတယ်။ ကွင်းပြင်ထဲ မိုးကာတဲထိုး နေရတော့ ရာသီဥတု ဒဏ်ခံရပြီး ကလေးငယ်တွေ၊ သက်ကြီးရွယ်အိုတွေ နေမကောင်ဖျားနာတာ အဖြစ်များလာတယ်။ စစ်ရှောင်စခန်းတွေကလည်း လူဦးရေ အရမ်းများတော့ နေထိုင်စရာနဲ့ စားသောက်ဖို့အတွက် အခက်အခဲ ဖြစ်နေတာတွေရှိတယ်” လို့ ရွာရှည်ရွာသားတဦးက ပြောပါတယ်။

စစ်တပ်က ညောင်ပင်ကြီးကျေးရွာနဲ့ ရဲစခန်းမှာ ပြန်လည်တပ်စွဲထားပြီး ရဲစခန်းပြန်လည် တည်ဆောက်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အခုလိုစခန်း တည်ဆောက်နေဆဲအချိန်မှာလည်း စစ်ရှောင်တွေ ရှိရာကို လက်နက်ကြီးနဲ့ ပစ်ခတ်နေ သလို ပြည်သူတွေရဲ့ နေအိမ်တွေကိုပါ ဇွန် ၁၇ ရက်အထိ မီးရှို့နေဆဲဖြစ်တယ်လို့ ရွာသားတွေက ဆိုပါတယ်။

စစ်ကောင်စီတပ် မီးရှို့တာကြောင့်  ညောင်ပင်ကြီး၊ သိမ်တော်၊ ထန်းတော၊ နှင်းတော၊ အိုးမ၊ ရွာရှည်၊ မင်္ဂလာကုန်းရွာတွေက အိမ် ၆၀၀ ကျော်မီးလောင်ဆုံးရှုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013