DVB Logo
Home
မြန်မာသတင်း
ရန်ကုန်တွင် “ဗေဒါပျံ အံကိုခဲ ပန်းပန်လျက်ပဲ” စာတန်း ချိတ်ဆွဲဆန္ဒပြ
DVB
·
June 19, 2023
ရန်ကုန်တွင် “ဗေဒါပျံ အံကိုခဲ ပန်းပန်လျက်ပဲ” စာတန်း ချိတ်ဆွဲဆန္ဒပြ
1 / 4
Donate to DVB

ရန်ကုန်တိုင်း၊ သာကေတမြို့နယ်မှာ ဒီနေ့ ဇွန် ၁၉ ရက် ကျရောက်တဲ့ လူထုခေါင်းဆောင် ‌ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၇၈ နှစ်ပြည့်မွေးနေ့ အထိမ်းအမှတ်အဖြစ် “ဗေဒါပျံ အံကိုခဲ ပန်းပန်လျက်ပဲ” စာတန်း ချိတ်ဆွဲ ဆန္ဒထုတ်ဖော်ခဲ့ပါတယ်။

သာကေတမြို့နယ် အခြေခံပညာကျောင်းသားများ သပိတ်ကော်မတီနဲ့ ဂဠုန်နီ ပြည်သူ့အကျိုးပြု လူငယ့်အဖွဲ့အစည်းတို့ ပူးပေါင်းပြီးလုပ်ဆောင်ခဲ့တာပါ။

အလားတူ ရန်ကုန်မြို့ တနေရာမှာလည်း ဒေါ်အောင်ဆန်းစုကြည်ပုံနဲ့ ‘We Miss You’ (“မွေးနေ့ရှင်ကို ပြည်သူများက သတိရနေပါတယ်”) ဆိုတဲ့ စာသားပါ ဘန်နာတခုကို Yangon Revolution Force - YRF (ရန်ကုန်တော်လှန်ရေးအင်အားစု) က Soft Strike Community ကို ချိတ်ဆွဲခဲ့တယ်လို့လည်း သိရှိရပါတယ်။

“ပြည်သူလူထုအနေနဲ့ အချိန်အတိုင်းအတာ ၂ နှစ်ကျော်လာတဲ့အထိ မတွေ့ရ မကြားရသည့်တိုင် ဒေါ်အောင်ဆန်းစုကြည်ကို အစဉ်အမြဲ အောက်မေ့သတိရ​နေကြပါတယ်။ တချိန်ချိန်မှာ “ကျမတို့ပြည်သူတွေ အရမ်းတော်တယ်” ဆိုတဲ့ စကားသံနဲ့အတူ ရွှင်ပြုံးအားရတဲ့ မျက်နှာနဲ့ မိန့်ခွန်းပြန်လည်ပြောကြားမယ့်ရက်ကို စောင့်မျှော်နေသူတွေလည်း ရှိသလို နောက်နှစ်မွေးနေ့မှာ သူမချစ်တဲ့ ပြည်သူတွေနဲ့အတူ ​မွေး​နေ့ကျင်းပခွင့် ရပါစေကြောင်းနဲ့ မွေးနေ့ရှင် အပါအဝင် မတရား ဖမ်းဆီးခံရသူများအားလုံး တော်လှန်ရေးအောင်ပွဲနဲ့အတူ အမြန်ဆုံး ပြန်လည်လွတ်မြောက်ပါ စေကြောင်း ဆုမွန်ကောင်း တောင်းလိုက်ပါတယ်လို့ Yangon Revolution Force - YRF (ရန်ကုန်တော်လှန်ရေးအင်အားစု) က ဆိုပါတယ်။

နိုင်ငံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ အာဏာသိမ်းစစ်ကောင်စီရဲ့ မတရားဖမ်းဆီး ထိန်းသိမ်းတာကို ခံနေရပြီး ဒီနေ့အချိန်ထိ ပြင်ပဧည့်သည်တွေနဲ့ တွေ့ဆုံခွင့်မရဘဲ စစ်ကောင်စီနဲ့ ဆက်နွှယ်သူတွေသာ တွေ့ဆုံခွင့်ရတာပါ။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013