DVB Logo
Home
မြန်မာသတင်း
မြန်အောင်နှင့် မင်္ဂလာတောင်ညွန့်မြို့နယ်တို့တွင် မီးလောင်မှုဖြစ်ပွား
DVB
·
June 19, 2023
မြန်အောင်နှင့် မင်္ဂလာတောင်ညွန့်မြို့နယ်တို့တွင် မီးလောင်မှုဖြစ်ပွား
Donate to DVB

ဧရာဝတီ၊ မြန်အောင်မြို့နယ်၊ အင်ပင်မြို့၊ ရှားဖြူကုန်းရွာ၊ ရှားဖြူကုန်းဘုန်းကြီးကျောင်းရှိ ၂ ထပ်ကျောင်းဆောင်တခုမှာ ဇွန်လ ၁၈ရက် နံနက်ပိုင်းက ဝါယာရှော့ဖြစ် မီးလောင်ခဲ့တယ်လို့ မြန်မာမီးသတ်ဌာနချုပ်က ပြောပါတယ်။ 

မနက်ပိုင်း ၉ နာရီခွဲခန့်က စတင်လောင်ကျွမ်းတာလို့ သိရပြီး မီးလောင်မှုကို မြန်အောင်၊ အင်ပင်၊ ထူးကြီး နယ်မြေတို့က မီးသတ်ယာဉ် ၃ စီး၊ ကြာနီကန်အရန်မီးသတ် ရေသယ်ယာဉ် ၁ စီးနဲ့ မြန်အောင်ပါရမီအသင်းက ရေသယ်ယာဉ် ၁ စီးနဲ့ ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြတာပါ။

မြန်အောင်မြို့ကယ်ဆယ်ရေးအသင်း တာဝန်ရှိသူက "မီးလိုင်းက လာချင်တဲ့အချိန် လာတာ၊ ကျောင်းဘက်ကို မနက် ၈ ခွဲလောက် မီးလာတော့ ဘုန်းကြီးက ကျောင်းမှာ မရှိဘူး၊ မြန်အောင်ထဲ စာအုပ်သွားဝယ်နေတာလို့ ပြောတယ်၊ တကျောင်းလုံး လောင်သွားတယ်၊ မီးလည်း ပြန်ဖြတ်ထားတယ်" လို့ ပြောပါတယ်။

အဲ့ဒီမနက်က ကျောင်းဆောင်နေ ဘုန်းကြီးဟာ မြန်အောင်မြို့ကို စာအုပ်သွား‌ဝယ်နေစဉ် အင်ပင်မြို့မှာ မနက် ၈ နာရီခွဲလောက် လျှပ်စစ် မီးပြန်လာချိန် ကျောင်ခန်းအတွင်း ဝါယာကြိုး‌တွေက ရှော့ဖြစ်ကာ မီးစလောင်ခဲ့တာလို့ သိရပါတယ်။ 

မီးလောင်မှုကြောင့် အုတ်၊ သစ်သား ၂ ထပ် ဘုန်းကြီးကျောင်းနဲ့ ကျောင်းတွင်းပစ္စည်းတွေ ပျက်စီးဆုံးရှုံးသွားပါတယ်။ 

မီးလောင်မှုကို မီးသတ်တပ်ဖွဲ့ဝင်တွေနဲ့ အရပ်ဘက်အဖွဲ့တွေက မနက် ၁၀ နာရီ ၁၅ မိနစ်မှာ မီးငြှိမ်းသတ်နိုင်ခဲ့ပြီး မြန်အောင်မြို့နယ်မီးသတ်တပ်ဖွဲ့က ပျက်စီးမှုတန်ဖိုးကို တွက်ချက်နေဆဲ ဖြစ်တယ်လို့ သိရပါတယ်။ 

ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွန့်မြို့နယ် ကန်တော်ကြီး အနောက်ရက်ကွက်၊ ၈၇ လမ်းမှာလည်း မီးလောင်မှုဖြစ်ပွားခဲ့တယ်လို့ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ဆီက သိရပါတယ်။

ဇွန် ၁၈ ရက်နေ့ ညနေ ၆ နာရီအချိန်မှာ မီးစတင်လောင်ကျွမ်းခဲ့ပြီး ၆ နာရီ ၃၇ မိနစ်အချိန်မှာ မီးငြှိမ်းသတ်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။

မီးလောင်မှုကြောင့် ကန်/နောက် ရပ်ကွက် ၈၇ လမ်းရှိ ၆ လွှာအဆောက်အဦရဲ့ အပေါ်ဆုံးထပ် လူနေအခန်း မီးလောင်ကျွမ်းခဲ့ပါတယ်။

မီးငြှိမ်းသတ်ရာမှာ ကူညီခဲ့တယ့် ပရဟိတသမားတဦးက  “အပေါ်ဆုံးထပ် ဘယ်ဘက်ခြမ်း တခန်းလုံး လောင်သွားတယ်၊ ညာဘက်အခြမ်းကတော့ အနည်းငယ် လောင်ကျွမ်းခဲ့တယ်” လို့ ပြောပါတယ်။

မီးလောင်မှု အဆင့်-၁ သတ်မှတ်ခဲ့ပြီး မိနစ် ၄၀ နီးပါး မီးငြှိမ်းသတ်ခဲ့ရပါတယ်။

ပြီးခဲ့တယ့် ဇွန် ၁၆ ရက်နေ့ကလည်း အင်းစိန်မြို့၊ စော်ဘွားကြီးကုန်းရှိ CB ဘဏ်မီးလောင်ခဲ့ပါတယ်။

photo.မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013