DVB Logo
Home
မြန်မာသတင်း
စစ်ဘေးနှင့် မိုခါမုန်တိုင်းဘေးသင့် ပလက်ဝက ဒုက္ခသည်များ အရေးပေါ်အကူအညီလိုအပ်
DVB
·
June 18, 2023
စစ်ဘေးနှင့် မိုခါမုန်တိုင်းဘေးသင့် ပလက်ဝက ဒုက္ခသည်များ အရေးပေါ်အကူအညီလိုအပ်
Donate to DVB

ချင်းပြည်နယ်၊ ပလက်ဝမြို့ ဘောလုံးကွင်းမှာ ဖွင့်ထားတဲ့ စစ်ရှောင်စခန်းအပါအဝင် မြို့ပေါ်က စစ်ရှောင်တွေ မိုးရာသီအတွက် အမိုးအကာတွေ အရေးပေါ်လိုအပ်နေတယ်လို့ စစ်ဘေးရှောင်နဲ့ နီးစပ်သူတွေတွေက ပြောပါတယ်။

ဘောလုံးကွင်းစစ်ဘေးရှောင်စခန်းအပါအဝင် လူဦးရေ ၂၀၀၀ ကျော် နေအိမ်တွေပြုပြင်ဖို့နဲ့ အသစ်ပြန်လည်တည်ဆောက်ဖို့  သစ်၊ ဝါးနဲ့  အမိုးအကာတွေ လိုအပ်နေပါတယ်။

အဲ့ဒီစစ်ရှောင်တွေဟာ ၂၀၂၀ ပြည့်နှစ်က  ရက္ခိုင့်တပ်တော်  AA နဲ့ စစ်ကောင်စီတို့ တိုက်ပွဲဖြစ်ပွားကတည်းက မြို့ပေါ်ကို ပြောင်းရွေ့စစ်ရှောင်နေရတာပါ။

စစ်ဘေးရှောင်တွေကို ကူညီထောက်ပံ့ပေးနေတဲ့ အဖွဲ့တွေရှိပေမယ့် တိုက်ရိုက် ကူညီခွင့်မရဘဲ စစ်ကောင်စီကနေ တဆင့်ပေးရတဲ့အတွက် ပဲ၊ ဆန်၊ ဆီလောက်သာ အထောက်အပံ့ရရှိပြီး တခြားလိုအပ်ချက်တွေရှိနေပါတယ်။

စစ်ရှောင်တဲတွေဟာ အချိန်ကြာမြင့်လာတာနဲ့  မိုခါမုန်တိုင်း တိုက်ခိုက်ခဲ့တာကြောင့် ၈၀ ရာခိုင်နှုန်း ပျက်စီးခဲ့ပြီး ပလက်ဝတမြို့လုံး အတိုင်းအတာနဲ့ စစ်ရှောင်တဲ ၆၀၀ ကျော် ပြန်လည် တည်ဆောက်ရမှာ ဖြစ်ပါတယ်။

“တဲတွေပြန်ဆောက်ဖို့အတွက် တချို့လိုအပ်တဲ့ ပစ္စည်းတွေကိုတော့ နိုင်ငံတကာ ကယ်ဆယ်ရေးကော်မတီ (IRC) က လှူနေတာတွေရှိတယ်၊ အိမ်ထောင်စုက ၆၀၀ ကျော်တော့ မလောက်ငဘူးပေါ့၊ တခြားနေရာက အကူအညီတွေတော့ မရသေးပါဘူး” လို့ စစ်ရှောင်တွေနဲ့ နီးစပ်သူတဦးက ပြောပါတယ်။

ပလက်ဝမြို့မှာ မိုခါမုန်တိုင်းအပြီး ကုန်စျေးနှုန်း အဆမတန် မြင့်မားနေတဲ့အတွက် စစ်ရှောင်တွေ စားသောက်ရေး အခက်ကြုံနေရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013