DVB Logo
Home
မြန်မာသတင်း
ရေးနှင့်သိမ်ဇရပ်တွင် လက်နက်ကြီးကြောင့် အမျိုးသမီး ၂ သေဆုံးပြီး ၄ ဦး ဒဏ်ရာရ
DVB
·
June 17, 2023
ရေးနှင့်သိမ်ဇရပ်တွင် လက်နက်ကြီးကြောင့် အမျိုးသမီး ၂ သေဆုံးပြီး ၄ ဦး ဒဏ်ရာရ
Donate to DVB

မွန်ပြည်နယ် ရေးမြို့နယ်နဲ့ သိမ်ဇရပ်မြို့တို့မှာ လက်နက်ကြီး ကျရောက်ကွဲတာကြောင့် အမျိုးသမီး၂ ဦး သေဆုံးပြီး ကလေးငယ်အပါအဝင် အရပ်သားပြည်သူ ၄ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေနဲ့လူမှုကယ်ဆယ်ရေးအဖွဲ့တွေက ဒီဗွီဘီကို ပြောပါတယ်။

ဇွန် ၁၆ ရက်နေ့ ည ၃ နာရီအချိန်လောက်မှာ ရေးမြို့နယ် ဝင်းကမော့ကျေးရွာထဲကို ခေါဇာအခြေစိုက် စစ်ကောင်စီ ခလ(၃၁) တပ်ရင်းကနေ လက်နက်ကြီး ပစ်ခတ်တာကြောင့် ထမင်းချက်ဖို့ မီးမွှေးနေတဲ့ အသက် ၄၀ အရွယ် မိထွေးကြည် ဦးခေါင်းကျည်ထိမှန် သေဆုံးခဲ့ပါတယ်။

ဝင်းကမော့ကျေးရွာထဲ လက်နက်ကြီးကျရောက်ပေါက်ကွဲပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ရောက်ရှိလာပြီး လက်နက်ကြီး ပစ်ခတ်မှုကို သူတို့လုပ်ဆောင်တာ မဟုတ်ကြောင်း လာရောက်ပြောဆိုသွားတယ်လို့ ဒေသခံတဦးက ပြောပါတယ်။

အဲဒီနေ့ ည ၉ နာရီခွဲအချိန်ကလည်း ကျိုက်ထိုမြို့နယ် သိမ်ဇရပ်မြို့  အမှတ်(၁) ရပ်ကွက်ထဲမှာ လက်နက်ကြီး ကျရောက်ကွဲခဲ့တာကြောင့် အသက် ၃၈ နှစ်အရွယ် ဒေါ်အေးအေးနွယ် ကျည်ထိမှန်သေဆုံးခဲ့သလို အသက် ၅ နှစ်အရွယ် ကလေးငယ်တဦး အပါအဝင် ၄ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

ဒေသခံတွေအဆိုအရ သိမ်ဇရပ်မြို့ထဲ လက်နက်ကြီး ကျရောက်ကွဲမှုဟာ သိမ်ဇရပ်အခြေစိုက် စစ်ကောင်စီအမြောက်တပ် ပစ်ခတ်တာ ဖြစ်နိုင်ကြောင်းနဲ့ အရင်ကလည်း လက်နက်ကြီး ကျရောက်ပေါက်ကွဲတာ မကြာခဏဆိုသလို ဖြစ်ပွားနေတယ်လို့ ဆိုကြပါတယ်။

စစ်တပ် လော်ဘီတယ်လီဂရမ်အကောင့်တွေမှာတော့ သိမ်ဇရပ်မြို့ထဲကို ကရင်အမျိုးလွတ်မြောက်ရေးတပ်မတော် KNLA နဲ့ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့က လက်နက်ကြီးပစ်ခတ်ခဲ့တာလို့ ဝါဒဖြန့်တာတွေ ရှိနေပါတယ်။

သိမ်ဇရပ်မြို့ထဲက လက်နက်ကြီး ကျရောက်ကွဲမှုအပေါ် ဒေသအခြေစိုက် တော်လှန်ရေအင်အားစုတပ်ဖွဲ့တွေကို ဒီဗွီဘီက ဆက်သွယ်မေးမြန်းရာမှာတော့ အဲဒီနေ့က စစ်ရေးလှုပ်ရှားမှု မရှိသလို အခုဖြစ်စဉ်ဟာ စစ်ကောင်စီတပ်ရဲ့ လုပ်ရပ်သာ ဖြစ်တယ်လို့ ပြောပါတယ်။

တော်လှန်ရေးအင်အားစုတွေ အားကောင်းတဲ့ မွန်ပြည်နယ်ရဲ့ ကျိုက်ထိုမြို့နယ်နဲ့ ရေးမြို့နယ်ထဲကို စစ်ကောင်စီတပ်က နေ့စဉ်နဲ့အမျှ လက်နက်ကြီး ပစ်ခတ်တာတွေ ရှိနေပြီး အဲဒီဖြစ်တွေကြောင့် အရပ်သားပြည်သူတွေ ထိခိုက်သေဆုံးတာတွေ ရှိနေတာပါ။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013