
ရန်ကုန်တိုင်း အင်းစိန်မြို့နယ်၊ စော်ဘွားကြီးကုန်းရှိ CB ဘဏ် ဇွန် ၁၆ ရက် ညက မီးလောင် ခဲ့တယ်လို့ မြန်မာနိုင်ငံမီးသတ်ဦးစီးဌာနရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
ည ၁၁ နာရီလောက်မှာ မီးစတင်လောင်ကျွမ်းခဲ့တာဖြစ်ပြီး ၁၁ နာရီ ၃၃ မိနစ်မှာ မီးငြှိမ်းသတ်နိုင်ခဲ့ ပါတယ်။
မီးငြှိမ်းသတ်ရမှာ ပါဝင်ခဲ့တဲ့ ပရဟိတသမား တဦးက “ပရဟိတသမား ၅ ဦး မီးခိုးမွှန်ပြီး ထိခိုက် သွားတာပေါ့။ ကြီးကြီးမားမား လူထိခိုက်မှုတော့ မရှိပါဘူး” လို့ ပြောပါတယ်။
အဲဒီမီးလောက်မှုကို အဆင့် ၁ သတ်မှတ်ခဲ့ပြီး ၃၃ မိနစ်ကြာ မီးငြိမ်းသတ်ခဲ့ရပြီး ပျက်စီးဆုံးရှုံးမှုကိုတော့ မသိရသေးပါဘူး။










