DVB Logo
Home
မြန်မာသတင်း
ဆမီးမြို့ကစစ်ဘေးရှောင်များ ကျန်းမာရေးစောင့်ရှောက်မှုနှင့် စားနပ်ရိက္ခာလိုအပ်
DVB
·
June 17, 2023
ဆမီးမြို့ကစစ်ဘေးရှောင်များ ကျန်းမာရေးစောင့်ရှောက်မှုနှင့် စားနပ်ရိက္ခာလိုအပ်
Donate to DVB

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ ဆမီးမြို့က စစ်ဘေးရှောင်တွေ ကျန်းမာရေးစောင့်ရှောက်မှုနဲ့ စားနပ်ရိက္ခာတွေ လိုအပ်နေတယ်လို့ စစ်ဘေးရှောင်နဲ့ နီးစပ်သူတွေထံမှ သိရပါတယ်။

ဆမီးမြို့ အပိုင်ထဲမှာ စစ်ရှောင်ဦးရေ ၃၀၀၀ကျော်ရှိပြီး အဲ့ဒီလူတွေဟာ စစ်ရှောင်စခန်းအပြင် တော်လှန်ရေးတပ်ဖွဲ့ဝင်တွေရဲ့ အကူအညီနဲ့ အတူ တောတောင်တွေထဲမှာ နေထိုင်ကြရပါတယ်။

စစ်ရှောင်ကာလအစကတည်းက ကျန်းမာရေး စောင့်ရှောက်မှုမရကြတဲ့ စစ်ဘေးရှောင်တွေဟာ မိုးတွင်းကာလမှာ ငှက်ဖျားရောဂါ စိုးရိမ်နေကြရပြီး ဆေးဝါးနဲ့ စားနပ်ရိက္ခာတွေ လိုအပ်နေပါတယ်။

CDF ပလက်ဝတာဝန်ရှိသူက  “ငှက်ဖျားဖြစ်ပြီး သေဆုံးနေတာတွေရှိတယ်။ စစ်ရှောင်တွေက နေရာအနှံ့မှာ နေနေရတာဆိုတော့။ ကျနော်တို့ စာရင်း အတိအကျတော့မရဘူး၊ ချင်းပြည်က အစထဲက ဆေးဝါးရှားပါးတဲ့ ဒေသဆိုတော့ အခက်အခဲကများတယ်။ စစ်ရှောင်ဦးရေက အမြဲတိုးလာတော့ စားနပ်ရိက္ခာလည်း အဓိကလိုအပ်နေပါတယ်” လို့ ပြောပါတယ်။

ဆမီးမြို့ စစ်ဘေးရှောင်တွေဟာ စစ်တပ်အာဏာသိမ်းမှု အစောပိုင်းကာလကတည်းက စစ်ရှောင်နေကြရတာဖြစ်ပြီး ဆမီးပတ်ဝန်းကျင် ရွာ ၁၀ ရွာ ခန့်က လူတွေပါဝင်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013