DVB Logo
Home
မြန်မာသတင်း
နမ္မတူ၊ ပန်ဟိုက်ရပ်ကွက်၌ ပြည်သူများ သောက်သုံးရေအခက်တွေ့
DVB
·
April 24, 2026
Photo : DVB
Photo : DVB
Donate to DVB

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့က ပန်ဟိုက်ရပ်ကွက်၊ နယ်မြေ ၄ မှာ နေထိုင်ကြတဲ့ ပြည်သူတွေဟာ ရေပေးဝေရေးကဖြန့်တဲ့ သောက်သုံးရေကို လုံလောက်အောင် မရရှိတာ ရက်သတ္တပတ် ၂ ပတ်ဝန်းကျင် ရှိပြီဖြစ်တာကြောင့် နေ့စဉ်ချက်ပြုတ်ဖို့ အခက်အခဲ ဖြစ်နေတယ်လို့ နယ်ခံတွေက ပြောပါတယ်။

နယ်မြေခံတယောက်က “ရေမလာတာ ၁၀ ရက်ကျော်ရှိနေပြီ။ လူဟောင်းကိုင်တုန်းက ရေပုံမှန် လာတယ်။ အခု လူသစ်ပြောင်းမှ ရေမလာတာ၊ လာပြန်တော့လည်း ရေက နည်းနည်းပဲ လွှတ်ပေးတယ်။ လူက ရေချိုးချင်ရင် ရေချောင်းမှာ သွားချိုးလို့ရတယ်။ အဝတ်လည်း ရေချောင်းမှာ လျှော်လို့ရတယ်။ အခုက ချက်ပြုတ်ရတာလည်း အဆင်မပြေ။ ပန်းကန်၊အိုးခွက် ဆေးရတာလည်း အဆင်မပြေ။ ရေဝယ်သုံးမယ်ဆိုလည်း ဈေးကြီးတယ်” လို့ ပြောပါတယ်။

နမ္မတူမြို့နယ်ဟာ အရင်က ရပ်ကွက် ၂ ခုနဲ့ ကျေးရွာအုပ်စုပေါင်း ၅၃ ခု ရှိခဲ့ပါတယ်။ ၁၉၉၄ ခုနှစ် သြဂုတ် ၁၉ ရက် နောက်ပိုင်းမှာတော့ အစိုးရက နမ္မတူမြို့နယ်ကို နမ္မတူမြို့နယ်နဲ့ မန်တုံမြို့နယ်ဆိုပြီး ပြင်ဆင်သတ်မှတ်လိုက်ပါတယ်။ အဲဒီကစလို့ နမ္မတူမြို့နယ်မှာ ရပ်ကွက် ၂ ရပ်ကွက်နဲ့ ကျေးရွာပေါင်း ၂၁ ရွာပဲ ကျန်ရှိပါတယ်။

မြောက်ပိုင်းမဟာမိတ်ညီနောင် ၃ ဖွဲ့နဲ့ တော်လှန်ရေးအင်အားစုတွေရဲ့ ၁၀၂၇ စစ်ဆင်ရေး မတိုင်ခင် ၂၀၂၃ ခုနှစ် အထွေထွေအုပ်ချုပ်ရေးဌာနရဲ့ စာရင်းတွေအရ နမ္မတူမြို့နယ်မှာ လူဦးရေ ၅၀,၀၀၀ ဝန်းကျင်နေထိုင်ပြီး အဲဒီထဲက မြို့ပေါ်ရပ်ကွက် ၂ ခုမှာတော့ လူဦးရေ ၁၀,၀၀၀ ကျော် နေထိုင် ပါတယ်။

လက်ရှိ နမ္မတူမြို့ပေါ် ရပ်ကွက်တွေမှာ ရေမီတာတွေ လိုက်လံတပ်ဆင်နေတယ်လို့ မြို့ခံ တယောက် က ပြောပါတယ်။ 

“ရေလိုင်းတွေကတော့ အရင်ကတည်းက လုပ်ထားတာပါ။ အခု ရေမီတာတွေတော့ တအိမ် တလုံး လိုက်တပ် နေတယ်။ မီတာခတော့ ဘယ်လောက်ကောက်မယ်ဆိုတာ မသိရသေးဘူး။ တခြားနေရာ တွေတော့ ပြီးပြီ၊ ကျမတို့ရပ်ကွက်တော့ အခုထိ လာမတပ်သေးဘူး။ ရေက ဝယ်သုံးရင် တစီးကို ၆ သောင်းလောက် ကျတယ်ဆိုတော့ ရေမီတာတွေ အမြန်လာတပ်ပေးစေချင်တယ်။”

ကမ္ဘာကျော် သတ္တုတွင်းတည်ရှိရာ နမ္မတူမြို့ကို တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PSLF/TNLA) ထိန်းချုပ်ထားပြီး ဘော်တွင်း သတ္တုတူးဖော်ရေးနယ်မြေကိုတော့ ကချင်လွတ်လပ်ရေးတပ် (KIA) က ထိန်းချုပ်ထားပါတယ်။

ဒါ့အပြင် ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော် (SSPP/SSA) ကလည်း အရင်ကတည်း ကနေ အခုချိန်ထိ နမ္မတူမြို့နယ်အတွင်းမှာ အခြေချ လှုပ်ရှားနေပါတယ်။

 

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013