DVB Logo
Home
မြန်မာသတင်း
ပေါက်မြို့နယ်နှင့် စလင်းမြို့နယ်တို့တွင် စစ်ကား ၂ စီးတိုက်ခိုက်ခံရ  
DVB
·
June 16, 2023
ပေါက်မြို့နယ်နှင့် စလင်းမြို့နယ်တို့တွင် စစ်ကား ၂ စီးတိုက်ခိုက်ခံရ  
1 / 2
Donate to DVB

မကွေးတိုင်း၊ ပေါက်မြို့နယ်မှာ ဇွန် ၁၅ ရက်က စစ်ကောင်စီကားတစီး မိုင်းဆွဲ တိုက်ခိုက်ခံရပြီး ထိခိုက်သေဆုံးသူရှိနိုင်တယ်လို့ အနောက်လွင်ပြင် LPDF ကနေ သိရပါတယ်။

ပေါက်မြို့နယ် ကပစ ၂၄ ကို ရိက္ခာလာပို့တဲ့ ပခုက္ကူအခြေစိုက် တပ်မ ၁၀၁ က စစ်ကောင်စီကား ၁၂ စီးကို လုံခြုံရေးယူဖို့ ရေပြာဘက်ကနေ ကမ္မမြို့ဘက်ကို အင်အား ၃၀ လောက်နဲ့ ထွက်လာတဲ့ စစ်ကောင်စီဖောကား ၁ စီးကို ဇွန်လ ၁၅ ရက်နေ့ မွန်းတည့် ၁၂ နာရီလောက်မှာ မိုင်းဆွဲတိုက်ခိုက်ခဲ့တာလို့ အနောက်လွင်ပြင် LPDF ရဲ့ တာဝန်ခံ ရဲဘော်တေဇက ပြောပါတယ်။

အဲဒီကားက လက်နက်ငယ်တွေနဲ့ ပစ်ခတ်ရှင်းလင်းပြီးဝင်လာတာဗျ။ ပေပါ ပဒေသာမိုင်း ၅ လုံး၊ ၅ ဂါလန်ပုံးနဲ့ လုပ်ထားတဲ့ ပဒေသာမိုင်း ၂ လုံး၊ ရှေ့ထွက်ပဒေသာမိုင်း ၃ လုံး၊ စလစ်အိုး ပဒေသာမိုင်း ၂ လုံးနဲ့ တိုက်ခိုက်ခဲ့တာဖြစ်ပြီး အဲဒီတိုက်ခိုက်မှုအတွင်းမှာ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးသူရှိနိုင်ပေမယ့် အတိကျမသိရသေးဘူးလို့ ဆိုပါတယ်။

စစ်ကောင်စီဘက်က လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ရမ်းကားပစ်ခတ်ပေမယ့်လည်း ပြည်သူ့ကာကွယ်ရေး ရဲဘော်တွေ အထိအခိုက်မရှိဘဲ ဆုတ်ခွာနိုင်ခဲ့ကြတယ်လို့ ရဲဘော်တေဇက ပြောပါတယ်။

အဲဒီတိုက်ခိုက်မှု ပြုလုပ်နိုင်ဖို့အတွက် ဗိုလ်လရောင် PDF အဖွဲ့က ယမ်းစို ၁ ဖာနဲ့ ယမ်းကြိုးအတောင့် ၁၀၀ ထောက်ပံ့ပေးပြီး ပခုက္ကူနဲ့ပေါက် ပကဖအဖွဲ့တွေ၊ Successfull Force-Pauk တာဝန်ခံတို့က လိုအပ်တဲ့ သတင်းအချက်အလက်တွေ ပေးပို့ကူညီခဲ့ကြတယ်လို့ ဆိုပါတယ်။

ဇွန် ၁၂ ရက် ညနေကလည်း မကွေးတိုင်း စလင်းမြို့နယ်မှာ  စစ်ကောင်စီကား တစီးတိုက်ခိုက်ခံရပြီး ၄ ယောက်သေဆုံးကာ ၇ ယောက်ဒဏ်ရာရရှိခဲ့တယ်လို့ မင်းဘူးခရိုင် တပ်ရင်း(၁)PDF-စလင်း ကနေ သိရပါတယ်။

စလင်းမြို့နယ် သရက်တောရဲစခန်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေနဲ့ ရဲအင်အား ၂၀ လောက် စီးနင်းလိုက်ပါလာတဲ့ လိုက်ထရက်ကား ၁ စီးကို ဇွန် ၁၂ ရက်နေ့ ညနေ ၃ နာရီလောက်မှာ လမ်းကနေစောင့်ပြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ကြတာလို့ PDF-စလင်းရဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်သတ္တိက ပြောပါတယ်။

“အဲဒီစစ်သားနဲ့ ရဲတွေဟာ မြောင်းသစ်ကျေးရွာမှာ ဓားထိုးမှုဖြစ်တာကို တရာခံဖမ်းပြီး ပြန်လာတာကို ကြားဖြတ်တိုက်ခိုက်ခဲ့တာဗျ။ အဲဒီတိုက်ခိုက်မှုအတွင်းမှာ စစ်ကောင်စီဘက်က ၄ ယောက်သေဆုံးပြီး ၇ ယောက်ဒဏ်ရာရရှိခဲ့တယ်။ တိုက်ခိုက်မှုအတွင်းမှာ ကျနော်တို့ဘက်က ရဲဘော်တွေ အထိခိုက်မရှိဘဲ ဆုတ်ခွာနိုင်ခဲ့ကြပြီး လုံခြုံစိတ်ချရတဲ့နေရာကို ရောက်ရှိမှ သတင်းထုတ်ပြန်ရတာ။” 

အဲဒီ တိုက်ခိုက်မှုအတွင်းမှာ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးတဲ့အခြေနေကို သီးခြားအတည်မပြုနိုင်သေးသလို စစ်ကောင်စီဘက်ကလည်း သတင်းထုတ်ပြန်ထားတာ မတွေ့ရသေးပါဘူး။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013