DVB Logo
Home
မြန်မာသတင်း
နတ်မောက်တွင် တပ်ကြပ်ကြီး ၁ ဦး ပစ်သတ်ခံရ
DVB
·
June 15, 2023
နတ်မောက်တွင် တပ်ကြပ်ကြီး ၁ ဦး ပစ်သတ်ခံရ
Donate to DVB

မကွေးတိုင်း၊ နတ်မောက်မြို့နယ်မှာ ဇွန် ၁၄ ရက် မနက်ပိုင်းက ရိက္ခာထွက်ဝယ်တဲ့ စစ်ကောင်စီ တပ်ကြပ်ကြီးစာရေးတယောက် သေနတ်နဲ့ပစ်သတ်ခံခဲ့ရတယ်လို့ ဒေါင်းစစ်သည် ပြောက်ကျားတပ်-နတ်မောက်ကနေ သိရပါတယ်။

နတ်မောက်မြို့နယ်ရှိ စစ်ကောင်စီ အမှတ် ၂ ဆက်သွယ်ရေးတပ်က တပ်ကြပ်ကြီးစာရေး ထက်ကိုလင်းဟာ မနက်တိုင်း ရိက္ခာထွက်ဝယ်တယ်လို့ တပ်တွင်းသတင်းရတာကြောင့် ဇွန် ၁၄ ရက် မနက် ၅ နာရီ ၄၅ မိနစ်လောက်က ရိက္ခာဝယ်ထွက်လာတာကို မကွေးပြောက်ကျားတပ်- MGW နဲ့ပူးပေါင်းကာ သေနတ်နဲ့ ၅ ချက်ပစ်ခတ်ပြီး ရှင်းလင်းခဲ့တယ်လို့ ဒေါင်းစစ်သည်ပြောက်ကျားတပ်-နတ်မောက် တာဝန်ခံ ဒေါင်းသွေးနီက ဒီဗွီဘီကို ပြောပါတယ်။

ဒေါင်းစစ်သည်ပြောက်ကျားတပ်အနေနဲ့ ခေတ်အဆက်ဆက် မကောင်းခဲ့တဲ့ စစ်ကောင်စီ လက်အောက်ခံ စစ်သားနဲ့ ရဲတွေကို တွေ့တဲ့နေရာမှာ ပစ်ခတ်ရှင်းလင်းသွားမယ်လို့ ဆိုပါတယ်။

အဲဒီတိုက်ခိုက်မှုအတွင်းမှာ စစ်ကောင်စီဘက်က တပ်ကြပ်ကြီးစာရေး ထိခိုက်သေဆုံးတဲ့ အခြေအနေကို ဒီဗွီဘီက သီးခြားအတည်မပြုနိုင်သေးသလို စစ်ကောင်စီဘက်ကလည်း သတင်းထုတ်ပြန်ထားတာ မတွေ့ရသေးပါဘူး။

နတ်မောက်မြို့နယ်မှာ ဇန်နဝါရီ ၁၂ ရက် ညနေပိုင်းကလည်း Non CDM မူလတန်း ကျောင်းအုပ်ဆရာတယောက် သေနတ်နဲ့ ပစ်သတ်ခံခဲ့ရတယ်လို့ ဒေါင်းစစ်သည် ပြောက်ကျားတပ် (နတ်မောက်) ကနေ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013