DVB Logo
Home
မြန်မာသတင်း
လွိုင်ကော်ရှိ စစ်တပ်စခန်း ၂ ခု တိုက်ခိုက်ခံရ
DVB
·
June 14, 2023
လွိုင်ကော်ရှိ စစ်တပ်စခန်း ၂ ခု တိုက်ခိုက်ခံရ
Donate to DVB

ကရင်နီ (ကယား) ပြည်နယ်၊ လွိုင်ကော်မြို့နယ်အခြေစိုက် စစ်ကောင်စီ တပ်စခန်းနှစ်ခုကို KNDF နဲ့ ပူးပေါင်းတပ်ဖွဲ့တွေ ဇွန် ၁၁ ရက် ညနေ ၆ နာရီကျော်က တရက်တည်း ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ KNDF တပ်ရင်း ၁၄ က ဇွန် ၁၄ ရက်မှာ ထုတ်ပြန်ပါတယ်။

လွိုင်ကော်မြို့နယ်ထဲက ဒေါတခြားကျေးရွာအနီး စစ်ကောင်စီတပ်ရဲ့ဂိတ် ရေတံခါးစခန်းတခုကို ညနေ ၆ နာရီကျော်မှာ KNDF တပ်ရင်း ၁၄ နဲ့ ပူးပေါင်းတပ်ဖွဲ့တို့ ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး တရက်တည်းမှာပဲ နွားလဝိုးကျေးရွာအနီး နွားလဝိုးလမ်းခွဲ စစ်ဆေးရေးဂိတ်စခန်းကိုလည်း လက်နက်ကြီးငယ်တွေနဲ့ ဝင်ရောက်ပစ်ခတ်ခဲ့လို့ဆိုပါတယ်။

ပစ်ခတ်မှုမှာ စစ်ကောင်စီတပ်သားတွေ ထိခိုက် သေဆုံးတာတွေရှိသလို  စစ်ကောင်စီတပ်စခန်းအတွင်းရှိ အဆောက်အဦတွေ ပျက်စီးသွားတယ်လို့ ကရင်နီ တပ်ဖွဲ့က ပြောပေမဲ့ အရေအတွက်ကိုတော့ အတည်ပြုနိုင်ခြင်းမရှိပါဘူး။

“အရင်ရက်က နွားလဝိုးလမ်းခွဲဂိတ်မှာ သူတို့တိုက်ခိုက်ခံရပါတယ်။ သူတို့ဘက်က မျက်မြင် ၅ ယောက်လောက်သေပြီး ထိခိုက်ဒဏ်ရာရသူ များနိုင်ပါတယ်။ လက်နက် ၂ လက်လည်း ရရှိပါတယ်။ မြို့ထဲမှာတော့ ဘာလှုပ်ရှားမှုမှ မရှိပါဘူး” လို့ ရဲဘော်တယောက်က ပြောပါတယ်။

စစ်ကောင်စီတပ်ဘက်က အထိနာလို့ လက်နက်ကြီးတွေနဲ့ ပြန်ပစ်ခတ်တာကြောင့် KNDF တပ်ရင်း ၁၄ က ရဲဘော်နှစ်ဦး ထိခိုက်မိတယ်လို့ ဆိုပါတယ်။

လွိုင်ကော်မြို့မှာရှိတဲ့ စစ်ကောင်စီတပ်တွေက အနီးဝန်းကျင်ကို လက်နက်ကြီးတွေနဲ့ ရမ်းသန်း ပစ်ခတ်နေတာ၊ ပြည်သူတွေကို ဖမ်းဆီးသတ်ဖြတ်နေတာတွေ လုပ်နေတဲ့အတွက် ပြည်သူတွေအနေနဲ့ စစ်ရေးအခြေအနေ သေချာစောင့်ကြည့်လေ့လာပြီးမှ သွားလာကြဖို့ တိုက်တွန်းထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013