DVB Logo
Home
မြန်မာသတင်း
ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းတွင် ပစ်ခတ်မှုဖြစ်ပြီး အမျိုးသား ၁ ဦး သေဆုံး
DVB
·
June 14, 2023
ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းတွင် ပစ်ခတ်မှုဖြစ်ပြီး အမျိုးသား ၁ ဦး သေဆုံး
1 / 2
Donate to DVB

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ဇ်ဘဇားခရိုင်ရှိ အူခီးယားဒုက္ခသည်စခန်းမှာ ရိုဟင်ဂျာလက်နက်ကိုင်အဖွဲ့ ၂ နှစ်ဖွဲ့ဖြစ်တဲ့  ARSA နဲ့ RSO တို့အကြား ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး အမျိုးသားတယောက် သေဆုံးသွားတယ်လို့ ဘင်္ဂလားဒေ့ရှ် သတင်းတွေမှာ ဖော်ပြပါတယ်။

ဇွန် ၁၃ ရက် မနက်အစောပိုင်း ၄ နာရီခွဲလောက်က အူခီးယားဒုက္ခသည်စခန်း အမှတ် ၃၂ မှာ ပစ်ခတ်မှုတစ်ခုဖြစ်ပွားခဲ့ပြီး အမျိုးသားတယောက် သေဆုံးသွားကြောင်း အူးခီးယားရဲစခန်းမှူး ရှိုက်ခ်မိုဟာမက်အလီက အတည်ပြုပြောဆိုထားပြီး ဒီဒုက္ခသည်စခန်းမှာက မြန်မာနိုင်ငံဘက်က ပြေးလာတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေ နေထိုင်တာဖြစ်ပါတယ်။

လက်နက်ကိုင်နှစ်ဖွဲ့ အပြန်အလှန်ပစ်ခတ်မှု ၁ဝ ကြိမ်ကနေ ၁၂ ကြိမ်လောက် ဖြစ်ပွားခဲ့တာဖြစ်ပြီး အသက် ၃၂ နှစ်အရွယ် ဘာရှားအူလာ ဆိုသူ အမျိုးသားတယောက် ကျည်ထိမှန်တဲ့အတွက် စိုးရိမ်ရဒဏ်ရာရရှိခဲ့လို့ အူခီးယား ဒုက္ခသည်စခန်း အမှတ် ၉ က ဆေးကုသတဲ့နေရာကို ပို့ဆောင်ခဲ့ပြီး  ဒဏ်ရာပြင်းထန်လို့ ကော့ဇ်ဘဇားခရိုင်ဆေးရုံကို ဆက်လက် ပို့ဆောင်စဥ် လမ်းမှာပဲ သေဆုံးသွားခဲ့တာလို့ ဆိုပါတယ်။

ကော့ဇ်ဘဇားခရိုင်မှာ မကြာခဏဆိုသလို လက်နက်ကိုင်တွေ ပစ်ခတ်မှုဖြစ်လေ့ရှိပြီး ပြီးခဲ့တဲ့ ဇွန်လ ၂ ရက် ညပိုင်းကလည်း အာလူခါလီဒုက္ခသည်စခန်းက ရိုဟင်ဂျာ ကလေးငယ် ၂ ဦးအပါအဝင် ၅ ဦးကို အင်အား ၁၅ ဦးခန့် ပါဝင်တဲ့ လက်နက်ကိုင်တပ်ဖွဲ့က ပြန်ပေးဆွဲဖမ်းဆီးသွားခဲ့ပါတယ်။

ဇွန် ၃ ရက် ညနေပိုင်းမှာတော့ ဖမ်းဆီးတဲ့အထဲ ပါဝင်တဲ့ ကလေးငယ်ရဲ့ လက်ကို ဖြတ်ထားတဲ့ လက်အပြတ်ကို ဒုက္ခသည်စခန်း ခြံစည်းရိုးမှာ လာချသွားခဲ့ပါတယ်။

မြန်မာနိုင်ငံကနေ ထွက်ပြေးလာတဲ့ ရိုဟင်ဂျာတွေကို စစ်ကောင်စီနဲ့ ဘင်္ဂလားဒေ့ရှ် အာဏာပိုင်တွေက နေရပ်ပြန်ဖို့ တိုက်တွန်းနေကြပြီး ဒုက္ခသည်တွေကလည်း သူတို့ တောင်းဆိုထားတဲ့အချက်တွေရမှ နေရပ်ပြန်မယ်လို့ ပြောထားပါတယ်။

Source - Dhaka Tribune/Shampratilk Deshkal English

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013