DVB Logo
Home
မြန်မာသတင်း
ထိုင်းနိုင်ငံ၌ တရားမဝင် မြန်မာ ၁၄ ဦး ဖမ်းဆီးခံရ
DVB
·
June 13, 2023
ထိုင်းနိုင်ငံ၌ တရားမဝင် မြန်မာ ၁၄ ဦး ဖမ်းဆီးခံရ
Donate to DVB

ထိုင်းနိုင်ငံ၊ စမွတ်ပရာကန်ခရိုင်၊ ဘန်ဖလီမြို့မှာ တရားမဝင် နယ်စပ်ဖြတ်ကျော်လာသူ မြန်မာနိုင်ငံသားတွေကို ထိုင်းအာဏာပိုင်တွေက ဖမ်းဆီးရမိတယ်လို့ ချန်နယ်ဆဲဗင်း ထိုင်းသတင်းမှာ  ဖော်ပြပါတယ်။

ဇွန် ၁၂ ရက်နေ့က ထိုင်းအာဏာပိုင်တွေက ဘန်ပလာရပ်ကွက်အနီး ဘန်ဖလီကားလမ်းမကြီးပေါ်မှာ သတင်းအရ စောင့်ဆိုင်းနေစဥ် အလေးချိန်များစွာ တင်ဆောင်လာတယ်လို့ ယူဆရတဲ့ အိမ်စီးကားနှစ်စီးကို စစ်ဆေးရာကနေ တရားမဝင် မြန်မာနိုင်ငံသား ၁၄ ဦးနဲ့ ထိုင်းယာဥ်မောင်းတွေကို ဖမ်းဆီးရမိခဲ့တာပါ။

အဆိုပါကားကို စစ်ဆေးရာ ထိုင်းအမျိုးသား ယာဥ်မောင်းဖြစ်သူနဲ့အတူ အထောက်အထား စာရွက်စာတမ်း တစုံတရာမရှိတဲ့ မြန်မာနိုင်ငံသား ၈ ဦးကို တွေ့ရှိခဲ့ရပြီး နောက်က ကပ်လိုက်ပါလာတဲ့ အိမ်စီးကားကို ဆက်လက်စစ်ဆေးရာ မြန်မာနိုင်ငံသား ၆ ဦးကို ထပ်မံတွေ့ရှိခဲ့ရတာလို့ ဆိုပါတယ်။

ဖမ်းဆီးရမိတဲ့သူတွေကို စစ်ဆေးရာမှာ ပွဲစားကတဆင့် လာရောက်တာဖြစ်ပြီး ပွဲစားခ ဘယ်လောက်ပေးရပြီး ဘယ်နေရာတွေကို သွားရောက် အလုပ်လုပ်ကိုင်မယ် ဆိုတာကိုတော့ ထိုင်းသတင်းမှာ ဖော်ပြထားတာ မတွေ့ရပါဘူး။

လက်ရှိမှာတော့ အဆိုပါဖမ်းဆီးရမိသူတွေကို ထိုင်းနိုင်ငံ လူဝင်မှုကြီးကြပ်ရေး ဥပဒေအရ စစ်ဆေးအရေးယူနိုင်ဖို့ ဘန်ဖလီမြို့နယ် ရဲစခန်းကို ပို့ဆောင်ထားပြီး ထိုင်းယာဥ်မောင်းတွေကိုတော့ လူကုန်ကူးမသင်္ကာမှုနဲ့ တရားစွဲဆိုသွားမယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးကတည်းက ပြည်တွင်းကုန်စျေးနှုန်းတွေကြီးမြင့်မှု၊ အလုပ်အကိုင် ရှားပါးမှုကြောင့် ပြည်သူတွေအနေနဲ့ နီးစပ်ရာ အိမ်နီးချင်းနိုင်ငံတွေမှာ အလုပ်လုပ်ကိုင်ဖို့ တရားမဝင်လမ်းကြောင်းတွေကနေတဆင့် နယ်စပ်ဖြတ်ကျော် ဝင်ရောက်နေကြတာပါ။

ထိုင်းနိုင်ငံ တာ့ခ်ခရိုင်၊ ကန်ချနာဘူရီခရိုင်၊ နွန်သဘူရီ၊ စံခလဘူရီနဲ့ စမွတ်ပရာကန်ခရိုင်တို့မှာ မကြာခဏဆိုသလို ထိုင်းအာဏာပိုင်တွေရဲ့ ဖမ်းဆီးတာကို ခံနေရပြီး ပြီးခဲ့တဲ့ ဧပြီ ၂၈ ရက်ကလည်း စမွတ်ပရာကန်ခရိုင်ထဲက ဆောက်လုပ်ရေးလုပ်ငန်းခွင် တခုထဲမှာ တရားမဝင် မြန်မာနိုင်ငံသား ၂၃ ဦးကို ထိုင်းအာဏာပိုင်တွေက ဖမ်းဆီးခဲ့ပါသေးတယ်။

source - CH 7 HD

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013