DVB Logo
Home
မြန်မာသတင်း
စစ်ခေါင်းဆောင်နှင့် အိန္ဒိယနိုင်ငံခြားသတင်းထောက်များအသင်းဥက္ကဋ္ဌ တွေ့ဆုံအပြီး အသင်းဝင်များ နုတ်ထွက်
DVB
·
June 13, 2023
စစ်ခေါင်းဆောင်နှင့် အိန္ဒိယနိုင်ငံခြားသတင်းထောက်များအသင်းဥက္ကဋ္ဌ တွေ့ဆုံအပြီး အသင်းဝင်များ နုတ်ထွက်
Donate to DVB

အိန္ဒိယနိုင်ငံအခြေစိုက် တောင်အာရှဒေသ နိုင်ငံခြားသတင်းထောက်များအသင်းရဲ့ဥက္ကဋ္ဌက မြန်မာစစ်ခေါင်းဆောင်နဲ့ သွားရောက်တွေ့ဆုံခဲ့အပြီးမှာ အသင်းဝင် သတင်းထောက် ၁၀ ယောက် နုတ်ထွက်သွားခဲ့တယ်လို့ The Wire သတင်းမှာ ဖော်ပြပါတယ်။

နိုင်ငံခြားသတင်းထောက်များအသင်းရဲ့ဥက္ကဋ္ဌ အက်စ်ဗန်ကတ်နာရာယန်ဟာ စစ်ကောင်စီလက်ဝေခံ သတင်းစာရဲ့ ဖိတ်ကြားချက်အရ ပြီးခဲ့တဲ့ သီတင်းပတ်က နေပြည်တော်ကို သွားရောက်ပြီး စစ်ကောင်စီ ဝန်ကြီး ၄ ယောက်နဲ့ တွေ့ဆုံခဲ့တာ ဖြစ်ပါတယ်။

အဲဒီနောက် ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ ညနေပိုင်းမှာတော့ ဒီခရီးစဉ်နဲ့ ပတ်သက်ပြီးတော့ The Economist, Washington Post, AFP, Financial Times, Radio France International နဲ့ ARD စတဲ့ နာမည်ကြီး သတင်းဌာနတွေက အကြီးအကဲတွေအပါအဝင် အသင်းဝင် ၁၀ ယောက်က လက်မှတ်ရေးထိုးပြီးတော့ FCC South Asia ဆီ နုတ်ထွက်စာပေးပို့ ထွက်သွားခဲ့ကြပါတယ်။

အဆိုပါ ပေးစာထဲမှာတော့ FCC အဖွဲ့ဝင်ဟောင်း နိုင်ငံခြားသတင်းထောက် ၂၂ ယောက်က ထောက်ခံ ထားတယ်လို့လည်း ဆိုပါတယ်။

ခုလိုအဖွဲ့အစည်းတခုက ဥက္ကဋ္ဌအနေနဲ့ ဒီခရီးစဉ်မှာ မြန်မာစစ်အုပ်စုနဲ့ သွားရောက်တွေ့ဆုံခဲ့တဲ့အပေါ် အံ့အားသင့် ရှက်ရွံ့မိပြီး ဒါဟာ FCC South Asia ရဲ့ နာမည်ဂုဏ်သတင်း ကို အသရေပျက်စေတဲ့ လုပ်ရပ်ဖြစ်တယ်လို့ပြောပါတယ်။

လက်မှတ်ထိုးရာမှာ ပါဝင်ခဲ့တဲ့ အမည်မဖော်လိုတဲ့ တယောက်ကတော့ ဒီခရီးစဉ်ကို မြန်မာစစ်အုပ်စုအာဘော်သတင်းစာ Global New Light of Myanmar သတင်းစာမှာ ဖော်ပြထားတာတွေ့မှ သိခဲ့ရတာလို့ ပြောပါတယ်။

ဒီအကြောင်းနဲ့ ပတ်သက်ပြီးတော့ The Wire သတင်းဌာနက FCC-South Asia ဥက္ကဋ္ဌကို ဆက်သွယ်မေးမြန်းချိန်မှာတော့ ဘာမှတ်ချက်မှ မပေးလိုဘူးလို့ ဖြေကြားခဲ့ပြီး အသင်းရဲ့ ဘုတ်အဖွဲ့ အရေးပေါ်အစည်းအဝေးကို ဇွန် ၁၃ ရက် ဒီကနေ့မှာ ခေါ်ယူဆွေးနွေးသွားဖို့ ရှိနေတယ်လို့ ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013