DVB Logo
Home
မြန်မာသတင်း
ထီးလင်းတွင် စစ်တပ်က ပကဖဂိတ်နှင့် ဆိုင်ကယ် ၅ စီးကို မီးရှို့
DVB
·
June 12, 2023
ထီးလင်းတွင် စစ်တပ်က ပကဖဂိတ်နှင့် ဆိုင်ကယ် ၅ စီးကို မီးရှို့
Donate to DVB

မကွေးတိုင်း၊ ထီးလင်းမြို့နယ်မှာ မေ ၁၀ ရက်မနက်က ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ဂိတ်နဲ့ ဆိုင်ကယ် ၅ စီးကို စစ်ကောင်စီစစ်ကြောင်းက မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ထီးလင်းမြို့နယ် ပကဖ ကနေ သိရပါတယ်။

ပေါက်မြို့နယ်အခြေစိုက် ကပစနဲ့ ပျူစောထီး အင်အား ၈၀ လောက်ပါတဲ့ စစ်ကောင်စီ စစ်ကြောင်းဟာ ဇွန် ၉ ရက်ကတည်းက ဖောကား ၃ စီးနဲ့ ပုံတောင် နတ်ထိပ်ပေါ်ကို အင်အားတိုးတယ်လို့ သတင်းကြားတာကြောင့် PDF တွေနဲ့ တော်လှန်ရေးအဖွဲ့တွေက ကင်းယူပြီး စောင့်ကြည့်နေခဲ့ပေမဲ့ ရောက်မလာပဲ နောက်နေ့မှ ရောက်လာလို့ ပစ်ခတ်မှုဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။

ထီးလင်းမြို့နယ် ပကဖ တာဝန်ခံ ကိုသူလင်းကျော်က “ဇွန်လ ၁၀ ရက်နေ့ မနက် ၁၀ နာရီလောက်မှာတော့ ကင်းအပြောင်းလုပ်တဲ့အချိန်မှာ ရုတ်တရက် ဖြန့်ပြီးရောက်လာလို့ တော်လှန်ရေးရဲဘော်တချို့နဲ့ ပက်ပင်းသွားတိုးပြီး ပစ်ကြတာပေါ့။ အဲဒီမှာ ပြည်သူတွေနဲ့ ပကဖ၊ ပအဖ အဖွဲ့တွေပါ ဘေးလွတ်ရာကို တိမ်းရှောင်ခဲ့ကြရတယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။

အဲဒီအချိန်မှာ တော်လှန်ရေးအဖွဲ့စည်းတွေက နောက်ဆုတ်ပြီး ကာတဲ့အချိန်မှာ ကျင်းရွာမှာရှိတဲ့ လုံခြုံရေးဂိတ်တခု၊ ဘော်ဒါဆောင်တခု၊ လမ်းမှာတွေ့တဲ့ ဆိုင်ကယ် ၃ စီးနဲ့ နေအိမ်ထဲက ဆိုင်ကယ် ၂ စီးကို မီးရှို့ဖျက်ဆီးကာ အိမ်တွေကိုလည်း မွှေနှောက်ခဲ့ကြတယ်လို့ ဆိုပါတယ်။

“စစ်ကြောင်းကတော့ ကျနော်တို့ ကာထားတဲ့ဘက်ကို တက်မလာရဲဘဲနဲ့ ရွာထဲမှပဲ စိတ်ကြိုက်မွှေနှောက်ကာ သူတို့လိုချင်တဲ့ ပစ္စည်းတွေကို ယူဆောင်ပြီး ညနေ ၃ နာရီခွဲလောက်မှာ ပြန်ဆုတ်သွားကြတယ်။”

ထီးလင်းမြို့နယ်မှာ ဇွန် ၆ ရက် ညနေပိုင်းက Mi35 တစီးနဲ့ ဆင်တဲရွာဘက်ကို လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့သလို ဇွန် ၇ ရက်မှာလည်း ဂျက်တိုက်လေယာဉ်တစီးနဲ့ ဆွဲလွဲကျေးရွာဘက်ကို လေကြောင်းတိုက်ခိုက်လို့ နေအိမ် ၃ လုံး၊ ကားတစီးနဲ့ ဂိတ်တဲတွေ ထိခိုက်ပျက်စီးကာ နွားတကောင် ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013