
မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ မဟာမြိုင် ၆ လမ်းမှာ ဇွန် ၁၂ ရက် ဒီနေ့မနက် ၆ နာရီခွဲလောက်က အမျိုးသမီးတဦး ဆွဲကြိုးချ သေဆုံးခဲ့ပါတယ်။
ရာမည အရေးပေါ်ကယ်ဆယ်ရေးနဲ့ လူမှုကယ်ဆယ်ရေးအဖွဲ့က သေဆုံးသူကို မော်လမြိုင်ဆေးရုံကြီး ပို့ဆောင်ပြီး အဲဒီကတဆင့် မော်လမြိုင်ဆေးရုံကြီး အအေးတိုက်ကို ပို့ဆောင်ပေးခဲ့ပါတယ်။
မြေပြင်ကူညီတဲ့ ပရဟိတနဲ့နီးစပ်သူက “သေဆုံးတာတော့ သိတယ်။ ဘာကြောင့်သေဆုံးမှန်း မသိဘူး။ အိမ်နဲ့ ဘာပြဿနာတက်တယ် ဆိုတာလည်း မသိဘူး။ ရဲခေါ်လို့သွားကြတာ” လို့ ပြောပါတယ်။
သေဆုံးသူ အမျိုးသမီးကို မနက် ၁၀ နာရီခွဲမှာ မော်လမြိုင်ဆေးရုံကြီး အအေးတိုက်မှ ပိန္နဲကုန်းသုသာန်ကို ပို့ဆောင်ပေးခဲ့ပြီး အခင်းဖြစ်ပွားရာနေရာမှာ နယ်မြေခံရဲတွေက ဆက်လက်စုံစမ်းနေပါတယ်။
photo.အရေးပေါ်ကယ်ဆယ်ရေးလူမှုကယ်ဆယ်ရေးအသင်း










