Home
မြန်မာသတင်း
မြိတ်မြို့တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရပ်ကွက် အချို့ ရေမြှုပ်
DVB
·
June 11, 2023
353622341_226817713543329_3763811885589927187_n

မြိတ်မြို့တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရပ်ကွက်တချို့ ရေကြီးရေလျှံကာ နေအိမ်တွေနဲ့ လမ်းတွေ ရေနစ်မြှုပ်မှုဖြစ်ပွားနေကြောင်း ဒေသခံများထံမှ သိရသည်။

ပြီးခဲ့တဲ့ရက်ပိုင်းလောက်ကစပြီး မိုးဆက်တိုက်ရွာသွန်းကာ ဇွန် ၁၁ ရက်မှာတော့  စက်ဝင်းရပ်ကွက်နဲ့ ကန်ဖျားမြေနီလမ်းရှိ ရပ်ကွက်တွေမှာ နေအိမ်တွေ ရေနစ်မြှုပ်နေသလို မြေနိမ့်ပိုင်းရပ်ကွက်ဖြစ်တဲ့ မြိတ်တောင်ကျေးရွာက ရပ်ကွက်လမ်းတွေ နဲ့နေအိမ်တွေမှာလည်းရေနစ်မြှုပ်နေတာလို့ သိရ ပါတယ်။

မြိတ်တောင်ကျေးရွာနေသူ တဦးက "မိုးကဒီရက်ပိုင်းဆက်တိုက်ရွာနေတာ။ နောက်ရက်တွေမှာဆို ရေထပ်ကြီးမယ်ထင်တယ်။ လေပြင်းတွေလည်း တအားတိုက်တယ်။ မြိတ်တောင်ဖက်မှာတော့ နှစ်တိုင်း ဒီလိုမျိုးရေကြီး ရေလျှံ‌တာတွေ နေအိမ်၊လမ်း‌တွေရေနစ်မြှုပ်တာတွေမျိုး ကြုံရတယ်"လို့ ပြောပါတယ်။

အခုလို မိုးကာလရောက်တိုင်း မြိတ်မြို့ ရပ်ကွက်တချို့မှာရေကြီးရေလျှံတာမျိုးကြုံရပြီးတော့ လမ်းပေါ်‌နဲ့ နေအိမ်တွေ ရေနစ်မြှုပ်တာကြောင့် သွားလာနေထိုင်တဲ့အခါ ခက်ခဲကြတယ်လို့လည်း သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024