DVB Logo
Home
မြန်မာသတင်း
ဆားလင်းကြီး၊ ညောင်ပင်ကြီးရဲစခန်းတိုက်ခိုက်ခံရပြီးနောက် စစ်တပ်က ရဟတ်ယာဉ်ဖြင့် လာရောက် ပစ်ခတ်
DVB
·
June 10, 2023
ဆားလင်းကြီး၊ ညောင်ပင်ကြီးရဲစခန်းတိုက်ခိုက်ခံရပြီးနောက် စစ်တပ်က ရဟတ်ယာဉ်ဖြင့် လာရောက် ပစ်ခတ်
Donate to DVB

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်ထဲက၊ ညောင်ပင်ကြီးရဲစခန်းကို  ဇွန်လ ၉ ရက် မနေ့ညပိုင်းက ဒေသခံ တော်လှန်ရေးတပ်တွေက ဝင်ရောက်တိုက်ခိုက်ခဲ့ပြီးနောက် စစ်ကောင်စီတပ်က ရဟတ်ယာဉ်နဲ့ လာရောက်ပစ်ခတ်လို့ အိမ်တွေမီးလောင်ပြီး ပြည်သူတချို့ဒဏ်ရာရသွားပါတယ်။

မနေ့ညနေ ၆ နာရီ‌လောက်မှာ ညောင်ပင်ကြီးရဲစခန်းကို ပြည်သူ့ကာကွယ်ရေးတပ်တွေက လာရောက်တိုက်ခိုက်လို့ ရဲစခန်းထဲကလည်း လက်နက်ကြီးတွေ၊ စက်သေနတ်တွေနဲ့ ပြန်ပစ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

အဲဒီနောက် ညနေ ၆ နာရီခွဲ‌လောက်မှာ‌တော့ စစ်တပ်ဘက်က Mi35 တိုက်ခိုက်ရေးရဟတ်ယာဉ်တစင်းလာရောက်ပြီး ညောင်ပင်ကြီးရွာနဲ့ အနီးတဝိုက်ကို တနာရီကြာလောက် တရစပ်လာရောက်ပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။

စစ်သားတွေလည်း ဝင်ရောက်တပ်စွဲလေ့ရှိတဲ့ ညောင်ပင်ကြီးရဲစခန်းကို ပြည်သူ့ကာကွယ်ရေးတပ်တွေက သိမ်းပိုက်နိုင်ခဲ့တယ်လို့ သတင်းတွေထွက်နေမယ့် အတည်မပြုနိုင်သေးပါဘူး။

ရဲစခန်းထဲကနဲ့ ရဟတ်ယာဉ်ကပစ်ခတ်တဲ့လက်နက်တွေကြောင့် ပြည်သူတချို့ထိခိုက်ဒဏ်ရာ ရထားသလို ညောင်ပင်ကြီးရွာလည်း မီးလောင်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒါ့အပြင် ညပိုင်းမှာ မုံရွာတဖက်ကမ်းမှာရှိတဲ့ ညောင်ပင်ကြီးရွာဝန်းကျင်တဝိုက်ကိုလည်း စစ်ကောင်စီတပ်တွေက မီးရှိူ့နေတယ်လို့  ဒေသခံတွေက ပြောပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013