DVB Logo
Home
မြန်မာသတင်း
ယင်းမာပင်မြို့နယ်တွင် တိုက်ပွဲဖြစ်၊ ပုလဲမြို့နယ်၌ စစ်ကောင်စီစစ်ကြောင်း လက်နက်ကြီးဖြင့် ပစ်ခံရ
DVB
·
June 10, 2023
ယင်းမာပင်မြို့နယ်တွင် တိုက်ပွဲဖြစ်၊ ပုလဲမြို့နယ်၌ စစ်ကောင်စီစစ်ကြောင်း လက်နက်ကြီးဖြင့် ပစ်ခံရ
Donate to DVB

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်ကနေ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေနဲ့ ယင်းမာပင်အခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ တိုက်ပွဲဖြစ်ပွားပြီး အနည်းဆုံး စစ်ကောင်စီတပ်သားတချို့ ဒဏ်ရာရရှိခဲ့တယ်လို့  PDF တပ်ဖွဲ့က ပြောပါတယ်။

ဇွန် ၉ ရက် မနက် ၅ နာရီလောက်စတင်ကာ ယင်းမာပင်မြို့နယ် လည်ငေါက်ကျေးရွာနားက အမှတ် ၉ ဆည်မြောင်းမှာ Chindwin Toe Na Yar တပ်ဖွဲ့နဲ့ စစ်ကောင်စီတပ် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တာလို့ Chindwin Toe Na Yar တပ်ဖွဲ့ တာဝန်ရှိသူတဦးက ဒီဗွီဘီကို ပြောပါတယ်။

“တိုက်ပွဲဖြစ်ပွားချိန် တနာရီခွဲလောက်ပေါ့။၊ ကျနော်တို့ဘက်ကနေ စနိုက်ပါ၊ တဖက်ပွင့်မိုင်းတွေကို အဓိကအားကိုးပြီး တိုက်ခိုက်ခဲ့ရတာပါ။ သူတို့ဘက်က လက်နက်ကြီး လက်နက်ငယ်တွေ ပြန်လည်ပစ်ခတ်ခဲ့ပါတယ်ဗျ။ သူတို့ဘက်ကနေပြီးတော့ ပြန်ဆုတ်ကာနီး အလောင်းလား ဒဏ်ရာရတာလား မသိဘူး ၉ ယောက်ကို ထမ်းသွားတာတွေ့တယ်။”

တိုက်ခိုက်မှုအပြီးမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဘက်က အထိအခိုက်မရှိ ဘူးလို့ဆိုပါတယ်။ 

ဇွန် ၉ ရက် မနက် ၉ နာရီကျော်ကလည်း စစ်ကိုင်းတိုင်း ယင်းမာပင်ခရိုင်၊ ပုလဲမြို့နယ်၊ မုံကြိုင်ရွာ ကနေ ထွက်လာတဲ့စစ်ကြောင်းကို  လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံကာကွယ်ရေး ခေါင်းဆောင်တွေက ပြောပါတယ်။

အဲဒီစစ်ကြောင်းဟာ ဇွန် ၃ ရက်က ဆားလင်းကြီးမြို့နယ်၊ ညောင်ပင်ကြီးရွာ၊ လက်ပံတောင်းတောင် ဝမ်ပေါင်ကုမ္မဏီကနေ ယင်းမာပင်မြို့နယ်၊ ဖိုဝင်းတောင်လမ်းအတိုင်း  စစ်ကြောင်းထိုးလာတာလို့ ကျားသစ်နက်တပ်မတော်ရဲ့ တပ်ရင်မှူး ဗိုလ်ဥက္ကာက ပြောပါတယ်။

“ဇွန် ၈ ရက်က လည်ငေါက်ရွာမှာ ညအိပ်တယ်။ ၉ ရက် မနက်ခင်းကြတော့ လက်နက်ကြီးနဲ့ ပစ်ပြီး  မုံကြိုင်ရွာကို ထွက်ခွာခဲ့တယ်။  မုံကြိုင်းရွာနားကနေ အသင့်စောင့်နေပြီး သူတို့ ရွာထဲကနေ ထွက်လာတဲ့အချိန် လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တယ်။ ၂ ကောင် ဒဏ်ရာရသွားတယ်။ နောက်ထပ် ၁၀ ဦးလည်း အသေးစားဒဏ်ရာ ရတယ်လို့ ဖရဲသီးဆီက သိရတယ်”

တိုက်ခိုက်ခံရပြီး မုံကြိုင်းရွာရဲ့အနောက်တောင်ဘက် ၄ မိုင်အကွာမှာရှိတဲ့ ပုလဲမြို့ကို စစ်ကြောင်း ထိုးသွားပြီး နေ့ခင်း ၁၂ နာရီလောက်မှာ ပုလဲမြို့အတွင်းကို ရောက်ရှိသွားပြီး ဒဏ်ရာရသူ ၂ ဦးကို ပုလဲမြို့ မြို့တော်ခန်းမအတွင်း ဆေးကုသပေးနေပြီး အသေးစားဒဏ်ရာရရှိသူ ၁၀ ဦးကို ပုလဲဆေးရုံမှာဆေးကုသပေးနေတယ်လို့ ပုလဲဒေသခံတွေကပြောပါတယ်။

အဆိုပါတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ရဲ့ သေဆုံး ဒဏ်ရာရတာတွေနဲ့ ပတ်သက်ပြီး ဒီဗွီဘီအနေနဲ့ သီးခြားအတည်ပြုနိုင်တာ မရှိသေးပါဘူး။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013