DVB Logo
Home
မြန်မာသတင်း
ပခုက္ကူမြို့နယ် အင်ပင်ကျေးရွာက စစ်ကောင်စီတပ်စစ်ဆေးရေးဂိတ် တိုက်ခိုက်ခံရ
DVB
·
June 9, 2023
ပခုက္ကူမြို့နယ် အင်ပင်ကျေးရွာက စစ်ကောင်စီတပ်စစ်ဆေးရေးဂိတ် တိုက်ခိုက်ခံရ
Donate to DVB

မကွေးတိုင်း၊ ပခုက္ကူမြို့နယ် အင်ပင်ကျေးရွာက စစ်ကောင်စီတပ်စစ်ဆေးရေးဂိတ်ကို ဇွန် ၈ ရက်နေ့ နေ့လယ် ၁ နာရီဝန်းကျင်က လက်နက်ငယ်နဲ့ အနီးကပ်ဝင်ရောက်ပစ်ခတ်ခဲ့တယ်လို့ Earthquake Peoples Defense Force အဖွဲ့က ပြောပါတယ်။

အင်ပင်ကျေးရွာက စစ်ကောင်စီတပ်အထိုင်စခန်းရှေ့မှာ စစ်ဆေးနေတဲ့ စစ်သားတွေကို အနီးကပ်ဝင်ရောက်ပစ်ခတ်ခဲ့တာဖြစ်ပြီး ထိခိုက်သေဆုံးသူတွေရှိတယ်လို့ Earthquakes Peoples Defense Force အဖွဲ့ခေါင်းဆောင်က ပြောပါတယ်။ 

"သူတို့ဘက်က သုံးလေးယောက်လောက် ထွက်စစ်တဲ့အချိန်မှာ ကျနော်တို့ဘက်က အနီးကပ်ဝင်ပစ်တာ၊ နှစ်ယောက်ကတော့ မျက်စိရှေ့တင်ကျသွားတယ်၊ တယောက်ကတော့ ပြန်ပြီးခုခံပစ်တယ်။"

အင်ပင်ကျေးရွာက စစ်ကောင်စီတပ်စခန်းကို ၃ မိနစ်ကြာ ပစ်ခတ်ခဲ့တာဖြစ်ပြီး ဘန်ကာထဲက စစ်သားတွေကလည်း ပြန်လည်ပစ်ခတ်ခဲ့တာကြောင့် ဒရုန်းနဲ့ ဗုံးသီးချ ထပ်မံတိုက်ခိုက်ခဲ့တယ်လို့  ဆိုပါတယ်။ 

အဆိုပါတိုက်ခိုက်မှုကို မြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပ.က.ဖ) တပ်ရင်း (၂) တပ်ခွဲ (၁)၊ Earthquake People`s Defence Force နဲ့ Middle Revolution Task Force - MRTF တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တယ်လ်ု့ မြိုင်ပကဖက သတင်းထုတ်ပြန်ထားပါတယ်။

ဇွန် ၆ ရက်နေ့ကလည်း ပေါက်မြို့ကနေ ပခုက္ကူကိုသွားတဲ့ စစ်ကားကို ပခုက္ကူခရိုင် ပကဖ တပ်ခွဲ ၁ က မိုင်း ၅ လုံးဆွဲတိုက်ခိုက်ခဲ့ပြီး စစ်သားတွေ ထိခိုက်သေဆုံးမှုရှိတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013