DVB Logo
Home
မြန်မာသတင်း
KNLA က စစ်ကောင်စီတပ်စွဲထားသည့် နေရာ ၅ ခုကို တိုက်ခိုက်ဖျက်ဆီး၊ အယောက် ၄၀ သေဆုံး
DVB
·
June 8, 2023
KNLA က စစ်ကောင်စီတပ်စွဲထားသည့် နေရာ ၅ ခုကို တိုက်ခိုက်ဖျက်ဆီး၊ အယောက် ၄၀ သေဆုံး
Donate to DVB

ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ)၊ ကော်သူးလေအုပ်ချုပ်နယ်မြေ၊ ခလယ်လွီထူခရိုင် တပ်မဟာ ၃၊ မူးမြို့နယ်နဲ့ လယ်ဒိုမြို့နယ်တွေထဲက အကြမ်းဖက်စစ်ကောင်စီတပ်တွေ တပ်စွဲထား တဲ့ နေရာ ၅ ခုကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (K.N.L.A) တပ်မဟာ (၃) လက်အောက်ခံပူးပေါင်းတပ်ဖွဲ့တွေက တပြိုင်တည်း တိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့တယ်လို့ ကေအန်ယူ ဗဟိုက ထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ ဇွန် ၆ ရက် မနက် ၄ နာရီကနေ ၇ နာရီအတွင်း တိုက်ခိုက်မှုထဲမှာတော့ ရေတွင်းကုန်းလမ်းခွဲကင်းစခန်း၊ နတ်သံကွင်းမြို့ရဲစခန်း၊ နတ်သံကွင်းတံတားထိပ်က ရဲနဲ့ ပူးပေါင်းတပ်စခန်း (တံတားအရှေ့ကင်း)၊ ကွင်းချောင်းဝအရှေ့ခြမ်းက တပ်နဲ့ ပြည်သူ့စစ်ပူးပေါင်းတပ်စခန်း (တံတားအနောက်ကင်း) နဲ့ ဘုံသတောစခန်းတို့ကို ဖျက်ဆီးနိုင်ခဲ့ပြီး စစ်ကောင်စီတပ် ထောက်ပို့လမ်းကြောင်းတွေဖြစ်တဲ့ နတ်သံကွင်းတံတား၊ အုန်းနဲပင်နဲ့ နယွဲပင်ကြားက တံတားနဲ့ သာစည်နဲ့ တာဆုံကြားက တံတား ၃ စင်းကိုလည်း ချိုး ဖျက်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။

အဆိုပါ တိုက်ပွဲတွေအတွင်းမှာတော့ အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီတပ်ဘက်က အယောက် ၄၀ သေဆုံးပြီး ၁၂ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့ကာ တပ်မဟာ ၃ လက်အောက်ခံပူးပေါင်းတပ်တွေဘက်ကတော့ ၄ ယောက် ကျဆုံးခဲ့ကာ ၁၃ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ဒါ့အပြင် အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီတပ်တွေဆီက G3- ၁လက်၊ MA1-၁လက်၊ MA3-၁လက်၊ MA4-၁လက်၊ MAကျည်တောက်-၁၀ခု၊ MAကျည်-၃၈၄တောင့်၊ M16ကျည်ဘောက်-၁ခု၊ စကစယူနီဖောင်း-၆စုံ၊ M14မိုင်း-၆၀လုံး၊ ကျောပိုးအိတ်-၆လုံး၊ 79ကျည်-၁လုံး၊ မိုင်းရှာစက်-၂စုံ၊ ယမ်းကူး-၁၅ခု၊ ငွေကျပ် ၄၈၀၀၀ တို့ကို သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။

စခန်းတွေ တိုက်ခိုက်ဖျက်ဆီးခံခဲ့ရတာကြောင့် အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီတပ်ဘက်က ဂျက်ဖိုက်တာတွေ၊ တိုက်ခိုက်ရေးသုံးရဟတ်ယာဉ်တွေနဲ့ စုစုပေါင်း လေကြောင်းတိုက်ခိုက်မှု ၉ ကြိမ်လောက် ပြုလုပ်ခဲ့ကြတဲ့အပြင် စစ်တောင်းမြစ် အနောက်ဘက်ကမ်းကနေ စစ်တောင်းမြစ် အရှေ့ဘက်ကမ်းက ကျေးရွာတွေထဲကို အခုအချိန်အထိ လက်နက်ကြီးတွေနဲ့ အဆက်မပြတ် ပစ်ခတ်နေကြတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

အဆိုပါတိုက်ခိုက်မှုတွေကြောင့် ကေအန်ယူ-လယ်ဒိုမြို့နယ်ထဲက နတ်သံကွင်း၊ ဒေါင်းမို့၊ တောကြောင်ပေါက်၊ ဝါးပင်စု၊ သောင်ပု စသည့်ကျေးရွာတွေနဲ့ မူးမြို့နယ်ထဲက ရေတွင်းကုန်းကြီး၊ ရေတွင်းကုန်းလေး၊ ဥသျှစ်ခင်၊ အုန်းပင်စု၊ သပြေကုန်းစတဲ့ ကျေးရွာတွေက လူဦးရေ ၄၅၀၀ ကျော်ဟာ အသက်ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံမှာတော့ အကြမ်ဖက်စစ်အုပ်စုက မတရားအာဏာသိမ်းယူထားတဲ့ ကာလဟာ ၂ နှစ်ခွဲနီးပါးထိ ကြာမြင့်လာခဲ့ပြီဖြစ်ကာ ဒီကာလတွေအတွင်း နိုင်ငံရေးမတည်ငြိမ်မှုတွေနဲ့အတူ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးကဏ္ဍတွေ အသီးသီးမှာ အဘက်ဘက်က ကျဆင်းနေခဲ့တာပါ။

ဒါ့အပြင် နိုင်ငံတဝန်း တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေအနှံ့ တိုက်ပွဲတွေ ပြင်းထန်နေပြီး အကြမ်းဖက်စစ်ကောင်စီဟာ လေကြောင်းတိုက်ခိုက်မှုတွေရော၊ မြေပြင်ထိုးစစ်တွေပါ  ကျူးလွန်နေတဲ့အပြင် မင်းမဲ့စရိုက်ဆန်ဆန် အရပ်သားပြည်သူတွေရဲ့ အိုးအိမ်စည်းစိမ် တွေကို မီးရှို့ဖျက်ဆီးတာတွေ၊ ခိုးဆိုးလုယက်မှုတွေကိုပါ အဓမ္မကျူးလွန်နေကြတာကြောင့် နေရပ်စွန့်ခွာထွက် ပြေးတိမ်းရှောင်ရတဲ့ စစ်ဘေးရှောင်ပြည်သူတွေဟာ အခက်အခဲပေါင်းများစွာနဲ့ ရင်ဆိုင်နေကြရပါတယ်။

ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (OCHA) က ထုတ်ပြန်ချက်မှာတော့ မြန်မာနိုင်ငံတဝန်း နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရသူ ဦးရေ ၁ ဒသမ ၈ သန်းကျော်ထိ ရှိလာနေပြီး ခက်ခဲတဲ့အခြေအနေတွေနဲ့ နေထိုင်နေကြရတာကြောင့် လူမှုကယ်ဆယ်ရေး အကူအညီတွေ အပူတပြင်း လိုအပ်နေတယ်လို့ ပြောထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013