DVB Logo
Home
မြန်မာသတင်း
လှိုင်သာယာ နဝဒေးအိမ်ရာရှိ CB ဘဏ်အနီး ဗုံးပေါက်
DVB
·
June 7, 2023
လှိုင်သာယာ နဝဒေးအိမ်ရာရှိ CB ဘဏ်အနီး ဗုံးပေါက်
Donate to DVB

ရန်ကုန်၊ လှိုင်သာယာအရှေ့ပိုင်းမြို့နယ်၊ အမှတ် ၆ ရပ်ကွက်၊ ရန်ကုန်-ပုသိမ် ကားလမ်းဘေး နဝဒေးအိမ်ရာရှိ CB ဘဏ်အနီးမှာ ဇွန် ၇ ရက် ဒီနေ့မနက် ၆ နာရီခွဲက ဗုံးသုံးကြိမ် ပေါက်ခဲ့တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

နဝဒေးအိမ်ရာရှိ CB ဘဏ်အရှေ့ မြက်တောအတွင်း ဒီနေ့မနက် ၆ နာရီခွဲက ဗုံးနှစ်ကြိမ်ပေါက်ခဲ့ပြီး အဆိုပါပေါက်ခဲ့တဲ့ နေရာနဲ့ မလှမ်းမကမ်းမှာ တကြိမ်ထပ်ပေါက်ခဲ့တာ ဖြစ်တယ်လို့ ရပ်ကွက်နေသူတဦးက ပြောပါတယ်။

“မနက် အလုပ်သွားတဲ့အချိန် ပေါက်တာ။ အဲ့နားမှာ ၅၃၂ တပ်လည်းရှိတော့ စစ်တပ်က ချက်ချင်းရောက်လာတာ၊ လူတွေမထိပေမဲ့ စစ်ဆေးတာတော့ လုပ်တယ်။”

CB ဘဏ်ရှေ့ ဗုံးပေါက်ကွဲမှုမှာ ထိခိုက်ပျက်စီးမှု မရှိပေမဲ့ ဇွန်လအတွင်း ပစ်ခတ်မှုနဲ့ ဗုံးပေါက်ကွဲမှုတွေ ဆက်တိုက်ဖြစ်လာနေလို့ ဗုံးထောင်ခဲ့သူကို လိုက်လံရှာဖွေဖို့ စစ်ကောင်စီတပ်က ရဲတွေကို အမိန့်ပေးထားတယ်လို့ အုပ်ချုပ်ရေးနဲ့ နီးစပ်သူတဦးက ပြောပါတယ်။

“အခု တခုခုဖြစ်ရင် စစ်တပ်လာတာပဲရှိတယ်။ စုံစမ်းတာ၊ ရှာဖွေတာတွေ၊ စစ်ဆေးရတာ ရပ်ကျေးအုပ်ချုပ်ရေးနဲ့ ရဲပဲလုပ်ရတာ။ ဖမ်းမိတော့ သူတို့ပဲနာမည်ယူတာ။ သေစရာရှိတော့ ရဲနဲ့ အုပ်ချုပ်ရေးပဲ။ တခုခုဖြစ်တာနဲ့ စစ်တပ်က ရပ်ကွက်ထဲက အလုပ်သမားတွေကအစ စစ်တာ။”

မနေ့ညကလည်း အင်းစိန်မြို့နယ် ကွက်သစ်ရပ်ကွက်ရှိ အင်းစိန်အကျဥ်းထောင်ရှေ့နဲ့ ဘေးမှာ ဗုံးသုံးကြိမ် ပေါက်ကွဲခဲ့သလို ထန်းတပင်မြို့နယ်၊ ရခိုင်ရိုးကြီးကျေးရွာမှာ မူကြိုဆရာမနှစ်ဦး သေနတ်နဲ့ ပစ်ခတ်ခံရလို့ သေဆုံးခဲ့ပါတယ်။

ဇွန် ၁ ရက်မှ ၆ ရက်အထိ ဒဂုံဆိပ်ကမ်း၊ ရန်ကင်း၊ ကျောက်တံတား၊ မြောက်ဒဂုံ၊ မြောက်ဥက္ကလာပ၊ အရှေ့ဒဂုံ၊ အင်းစိန်နဲ့ ထန်းတပင်မြို့နယ်တို့မှာ ဗုံးပေါက်ကွဲမှုနဲ့ ပစ်ခတ်မှုတွေဖြစ်ခဲ့ပြီး အမျိုးသားတဦးနဲ့ အမျိုးသမီးသုံးဦး သေဆုံးခဲ့ကာ ကိုးဦး ဒဏ်ရာရရှိခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013