
အင်ဒိုနီးရှားနိုင်ငံမှာ ကျင်းပတဲ့ ကွန်မိုဒို ရေတပ်စစ်ရေးလေ့ကျင့်မှုမှာ မြန်မာရေတပ်လည်း ပါဝင်ခဲ့တယ်လို့ စစ်ကောင်စီပိုင် မီဒီယာတွေက ထုတ်ပြန်ပါတယ်။
အာရှ-ပစိဖိတ် ဒေသတွင်း စစ်ရေးတင်းမာနေချိန်မှာ မြန်မာ၊ အမေရိကန်၊ တရုတ်၊ ရုရှားနဲ့ တောင်ကိုရီးယားတို့ အပါအဝင် အင်ဒိုနီးရှားနိုင်ငံ ရေပိုင်နက်ထဲမှာ ဘက်စုံ ရေတပ်စစ်ရေးလေ့ကျင့်မှုကို ဇွန် ၅ ရက်က ပြုလုပ်ခဲ့ပါတယ်။
ကွန်မိုဒို စစ်ရေးလေ့ကျင့်မှုကို နိုင်ငံပေါင်း ၃၆ နိုင်ငံ ရေတပ်တွေအကြား ဆက်ဆံရေး ခိုင်မာစေဖို့ ရည်ရွယ်ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။
ကိုမိုဒို စစ်ရေးလေ့ကျင့်မှု စတင်ချိန် တရုတ်နဲ့ ရုရှားတို့က သင်္ဘော ၁၅ စင်းဟာ ဆူလာဝီစီကျွန်းပေါ်မှာ ကျောက်ချရပ်နားခဲ့ကြောင်း အင်ဒိုနီးရှားရေတပ်က ပြောပါတယ်။
Ref- Reuters










