DVB Logo
Home
မြန်မာသတင်း
ကော့ကရိတ်တွင် စစ်တပ်က လက်နက်ကြီးပစ်ခတ်သဖြင့် ၁၂ နှစ်အရွယ် ကလေးငယ်သေဆုံး
DVB
·
June 7, 2023
ကော့ကရိတ်တွင် စစ်တပ်က လက်နက်ကြီးပစ်ခတ်သဖြင့် ၁၂ နှစ်အရွယ် ကလေးငယ်သေဆုံး
1 / 3
Donate to DVB

ကရင်ပြည်နယ်၊ လှိုင်ဝအမြောက်တပ်က ၁၂၀ မမ လက်နက်ကြီးနဲ့ ဇွန် ၇ ရက် မနက် ၉ နာရီခွဲမှာ ၂ ချက် ပစ်ခတ်ခဲ့တာကြောင့် ကော့ကရိတ်မြို့နယ် ရွာတန်းရှည်ကျေးရွာကို ကျရောက်ပေါက်ကွဲပြီး မိသားစုဝင် ၃ ယောက် ထိမှန်ကာ အသက် ၁၂ နှစ်အရွယ်သားတဦး သေဆုံးခဲ့တယ်လို့ ကေအန်ယူ တပ်မဟာ ၆ နယ်မြေ တာဝန်ရှိသူက ပြောပါတယ်။

လက်နက်ကြီးကျည်ကြောင့် ရွာတန်းရှည်ကျေးရွာနေ အဘ ဦးဂျပိရဲ့ သမီး ဒေါ်တပိ (၄၃ နှစ်) မှာ ဘယ်ဘက်ပေါင်နဲ့ ဘယ်ဘက်နားထင် ကျည်စထိမှန် (စိုးရိမ်) ဒဏ်ရာရကာ ရွာတန်းရှည်ကျေးရွာနေ အဘ ဦးထွန်းကြင်၊ အမိ ဒေါ်တပိရဲ့သမီး နန်းရေဝတီ (၄ နှစ်) မှာ ဘယ်ဘက်နှုတ်ခမ်းပေါက်ပြဲ ဒဏ်ရာရခဲ့သလို ရွာတန်းရှည်ကျေးရွာနေ အဘ ဦးထွန်းကြင် အမိ ဒေါ်တပိရဲ့သား စောကျော်သန်းအောင် (၁၂ နှစ်) မှာ လက်နက်ကြီးကျည်စထိမှန် အသက်ဆုံးရှုံးခဲ့ရတယ်လို့ ဆိုပါတယ်။

တပ်မဟာ ၆ နယ်မြေထဲမှ ဒေသခံတယောက်က “စစ်လေယာဥ်တွေ နေ့တိုင်းလိုလို ညဘက် နေ့ဘက်တွေ ပျံဝဲနေတာ မြင်ရ တွေ့ရတာ စစ်တပ်ဘက်က အရပ်သားကိုလည်း ရန်သူလို သတ်မှတ်ပြီး မခွဲခြားဘဲ ပစ်မှတ်ထားလာတာရှိတယ်။ သူတို့ပစ်ခတ်လိုက်လို့ အရပ်သားနေအိမ် လူတွေ ထိခိုက်သေဆုံးရတာလည်း မနည်းတော့ဘူး။ အခုဆို လေကြောင်းရန်ကို စိုးရိမ်မကင်း ဖြစ်ရတယ်” လို့ ပြောပါတယ်။

အာဏာသိမ်းစစ်ကောင်စီ လက်အောက်ခံတပ်တွေရဲ့ လူမဆန် ရက်စက်ယုတ်မာမှုကြောင့် အပြစ်မဲ့ပြည်သူတွေ နေ့စဥ်နှင့်အမျှ ကလေးကအစ အသက်ဆုံးရှုံးခဲ့ရပြီး ပြည်သူပိုင် အိုးအိမ်ပစ္စည်းပေါင်းများစွာလည်း ပျက်စီးဆုံးရှုံးခဲ့ရတယ်လို့ ကေအန်ယူဗဟိုဘက်က သတင်းထုတ်ပြန်ထားပါတယ်။

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီး အခြေစိုက် (ခလရ) ၃၂၊ (ခလရ) ၂၈၃ နဲ့ အမှတ် (၁)ဗျူဟာကနေ ၁၂၀ မမ လက်နက်ကြီးနဲ့ ဇွန် ၂ ရက်မနက် ၇ နာရီ ၄၅ မိနစ်မှ မနက် ၇ နာရီ ၅၈ မိနစ် အတွင်းပစ်ခတ်ခဲ့မှုထိခိုက်သေဆုံးသူတွေရှိခဲ့တယ်လို့ KNU ဒူးပလာယာခရိုင်က သတင်းထုတ်ပြန်ထားပါတယ်။

အရှေ့တောင်တိုင်းစစ်ဌာနချုပ် မော်လမြိုင် (ရတခ) လေတပ်မှ Mi-35P ရဟတ်ယာဉ်နဲ့ သော်လည်းကောင်း ကေအဲန်ယူ - ဒူးပလာခရိုင် နို့တကောမြို့နယ် ကြာအင်းဆိပ်ကြီးမြို့တွင်းသို့ ပစ်ခတ်ရာ ဘုန်းတော်ကြီးကျောင်း ၁ ကျောင်း ကျည်စထိမှန် အနည်းငယ်ပျက်စီးခဲ့ရသလို အစ္စလာမ် ဘုရားကျောင်း ၁ ကျောင်း ကျည်စထိမှန် အနည်းငယ်ပျက်စီးပြီး အစ္စလာမ် လူမှုကူညီရေး နိဗ္ဗာန်ယာဥ် ၁ စီး ကျည်စထိမှန် ပျက်စီးခဲ့တယ်လို့ဆိုပါတယ်။

လေယာဥ်နဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့်  ကျည်စထိမှန်ခဲ့တဲ့ ကြာအင်းဆိပ်ကြီးမြို့ အမှတ် ၃ ရပ်ကွက် ကမ်းနား ဘုန်းတော်ကြီးကျောင်းနေ ဦးဇင်း ဦးဆန်းဝင်း ၄၆ နှစ်မှာ ကျည်စထိမှန်မှုကြောင့် ကွယ်လွန်သွားခဲ့ရပြီး ကြာအင်းဆိပ်ကြီးမြို့ အမှတ် ၆ ရပ်ကွက်နေ (၁) ဦးကရင် ၃၈ နှစ် ကျည်စထိမှန်၊ (၂) ဦးပန်းအေး ၄၉ နှစ် ကျည်စထိမှန်၊ (၃) မောင်အာလီ ၁၃ နှစ် ကျည်စ ထိမှန် အသက်ဆုံးရှုံးခဲ့ရတယ်လို့ ဒူးပလာယာခရိုင်ဘက်က သတင်းထုတ်ပြန်ထားပါတယ်။

လက်နက်ကြီး နှင့် လေယာဥ် ပစ်ခတ်မှုကြောင့် ဒဏ်ရာပြင်းထန် စိုးရိမ်ရသော ကြာအင်းဆိပ်ကြီးမြို့ အမှတ် ၆ ရပ်ကွက်နေ မိသားစုဝင် ၃ ဦးသည်လည်း အရေးပေါ်ဆေးရုံသို့ ပို့ဆောင်ခဲ့ရတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

အာဏာသိမ်း  စစ်ကောင်စီလက်အောက်ခံတပ်တွေရဲ့ လူမဆန်တဲ့ အကြမ်းဖက်မှုကြောင့် အပြစ်မဲ့ပြည်သူတွေနေ့စဉ် အသက်ဆုံးရှုံးခဲ့ရပြီး ပြည်သူပိုင် အိုးအိမ်ပစ္စည်းပေါင်းများစွာ ထိခိုက် မီးလောင် ပျက်စီး ဆုံးရှုံးခဲ့ကာ ဘာသာရေး အဆောက်အဦနဲ့ စာသင်ကျောင်းတွေလည်း ပျက်စီးဆုံးရှုံးခဲ့ရတယ်လို့ ဒူးပလာယာခရိုင်ဘက်ကသတင်းထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013