DVB Logo
Home
မြန်မာသတင်း
မူးမြို့နယ်တွင် စစ်အုပ်စုက လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ပြည်သူ ၄၀၀၀ ကျော် ထွက်ပြေး
DVB
·
June 3, 2023
မူးမြို့နယ်တွင် စစ်အုပ်စုက လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ပြည်သူ ၄၀၀၀ ကျော် ထွက်ပြေး
Donate to DVB

ကေအန်ယူ-ကရင်အမျိုးသားအစည်းအရုံး ကော်သူးလေအုပ်ချုပ်နယ်မြေ၊ ခလယ်လွီထူ ခရိုင် တပ်မဟာ(၃)၊ မူးမြို့နယ်ထဲက ကျေးရွာတွေကို အာဏာသိမ်းအကြမ်းဖက် စစ်ကောင်စီ တပ်တွေက လက်နက်ကြီးတွေနဲ့ ဆက်တိုက်ပစ်ခတ်နေတာကြောင့် ကျေးရွာ ၅ ခုက ဒေသခံ ၄၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ကေအန်ယူဗဟိုက ထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ မေ ၂၉ ရက်ည ၈ နာရီခွဲလောက်က မီးတိုင်တောကျေးရွာထဲကို လက်နက်ကြီး ၂ လုံး၊ အောင်ချမ်းသာကျေးရွာထဲကို လက်နက်ကြီး ၁ လုံးပစ်ခတ်ခဲ့ကြပြီးတော့ မေ ၃၀ မှာ တော့ အကြမ်းဖက်စစ်ကောင်စီတပ် ခမရ-၅၉၉ က မုန်းတံတားကနေ သာစည်ကျေးရွာထဲကို လက်နက်ကြီး ၅ လုံး ပစ်ခတ်ခဲ့ကြတာပါ။

တချိန်တည်းမှာပဲ ဥသျှစ်ကုန်းကျေးရွာကနေ ကြက်တက်ညောင်ပင်ကျေးရွာထဲကို လက်နက်ကြီး ၁၀ လုံးလောက် ပစ်ခတ်ခဲ့ပြီး အဆိုပါလက်နက်ကြီးကျည် ထိမှန်ပြီး နေအိမ် ၁ လုံး ပျက်စီးခဲ့ရကာ အဆက်မပြတ် လက်နက်ကြီးတွေနဲ့ ပစ်ခတ်မှုတွေကြောင့် ဒေသခံ ပြည်သူတွေဟာ ကြောက်ရွံပြီး ရွာလုံးကျွတ် ထွက်ပြေး တိမ်းရှောင်နေရတယ်လို့ ဆိုပါတယ်။

အဲဒီလို ပြည်သူတွေကို ပစ်မှတ်ထား တိုက်ခိုက်မှုတွေကြောင့် မူးမြို့နယ်ထဲမှာ စစ်ဘေး ရှောင်ကျေးရွာတွေ ထပ်တိုးလာခဲ့ပြီး သာစည်၊ ကြက်တက်ညောင်ပင်၊ နှောင်းတော၊ က ညင်ကျ၊ သမန်းကျင်းကျေးရွာ ၅ ခုက လူဦးရေ ၄၀၀၀ ကျော် စစ်ဘေးရှောင်နေကြရတယ် လို့ ကေအန်ယူဗဟို ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်နေကြရတဲ့ ပြည်သူတွေ အလုပ်အကိုင်တွေ အဆင်မ ပြေတော့တာကြောင့် အရေးပေါ် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေ လိုအပ်နေတဲ့အပြင် မိုးရာသီဖြစ်တာကြောင့် အခက်အခဲပြဿနာ များစွာကြုံတွေ့နေရပြီး စားနပ်ရိက္ခာ၊ နေရာထိုင်ခင်း၊ ကျန်းမာရေးနဲ့ ဘဝလုံခြုံမှုတွေအတွက် အကူအညီတွေ  အရေးပေါ်လိုအပ်နေတယ်လို့လည်း ဆိုပါတယ်။

မူးမြို့နယ်ထဲမှာတော့ ပြီးခဲ့တဲ့ မေ ၁၀ ရက်အထိ စစ်ဘေးရှောင်ဦးရေ ၂၈,၄၀၀ ကျော်ရှိခဲ့တာမို့ လတ်တလော ထပ်တိုးစစ်ရှောင်တွေကြောင့် စုစုပေါင်း စစ်ဘေး ရှောင်ဦးရေ ၃၂,၇၀၀ နီးပါး ရှိလာပြီလို့ ဆိုပါတယ်။

မြန်မာနိုင်ငံမှာတော့ အကြမ်ဖက်စစ်အုပ်စုက မတရားအာဏာသိမ်းယူထားတဲ့ ကာလဟာ ၂ နှစ်ခွဲနီးပါးထိ ကြာမြင့်လာခဲ့ပြီဖြစ်ကာ ဒီကာလတွေအတွင်း နိုင်ငံရေးမတည်ငြိမ်မှု တွေနဲ့အတူ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးကဏ္ဍတွေ အသီးသီးမှာ အဘက်ဘက်က ကျဆင်းနေခဲ့တာပါ။

ဒါ့အပြင် နိုင်ငံတဝန်း တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေအနှံ့ တိုက်ပွဲတွေ ပြင်းထန်နေပြီး အကြမ်းဖက်စစ်ကောင်စီဟာ လေကြောင်းတိုက်ခိုက်မှုတွေရော၊ မြေပြင်ထိုးစစ်တွေပါ  ကျူးလွန်နေတဲ့အပြင် မင်းမဲ့စရိုက်ဆန်ဆန် အရပ်သားပြည်သူတွေရဲ့ အိုးအိမ်စည်းစိမ် တွေကို မီးရှို့ဖျက်ဆီးတာတွေ၊ ခိုးဆိုးလုယက်မှုတွေကိုပါ အဓမ္မကျူးလွန်နေကြတာကြောင့် နေရပ်စွန့်ခွာထွက် ပြေးတိမ်းရှောင်ရတဲ့ စစ်ဘေးရှောင်ပြည်သူတွေဟာ အခက်အခဲပေါင်းများစွာနဲ့ ရင်ဆိုင်နေကြရပါတယ်။

ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (OCHA) က ထုတ်ပြန်ချက်မှာတော့ မြန်မာနိုင်ငံတဝန်း နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရသူ ဦးရေ ၁ ဒသမ ၈ သန်း ကျော်ထိ ရှိလာနေပြီး ခက်ခဲတဲ့အခြေအနေတွေနဲ့ နေထိုင်နေကြရတာကြောင့် လူမှုကယ်ဆယ်ရေး အကူအညီတွေ အပူတပြင်း လိုအပ်နေတယ်လို့ ပြောထားပါတယ်။

NUG အစိုးရကတော့ အကြမ်းဖက်စစ်ကောင်စီကျူးလွန်တဲ့ စစ်ရာဇဝတ်မှုတွေကို အ ထောက်အထားရယူပြီးတော့ စနစ်တကျစာရင်းပြုစုကာ မှတ်တမ်းတင်ဆောင်ရွက်နေ တယ်လို့ ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013