DVB Logo
Home
မြန်မာသတင်း
ဝက်လက်တွင် စစ်တပ်က နေအိမ် ၁၀၀ ကျော် မီးရှို့ပြီး  ရွာသား ၅၀ ခန့်ကို ဖမ်းဆီး
DVB
·
June 3, 2023
ဝက်လက်တွင် စစ်တပ်က နေအိမ် ၁၀၀ ကျော် မီးရှို့ပြီး  ရွာသား ၅၀ ခန့်ကို ဖမ်းဆီး
Donate to DVB

စစ်ကိုင်းတိုင်း  ဝက်လက်မြိုနယ်အရှေ့ခြမ်း၊ နဘဲပင်လှကျေးရွာကို ဇွန် ၃ ရက်  မနက် ၁၁ နာရီ လောက်က  စစ်ကြောင်းနှစ်ကြောင်းခွဲ ဝင်လာပြီး နေအိမ် ၁၀၀ ကျော်ကို မီးရှို့ဖျက်ဆီးခဲ့တဲ့အပြင်  ရွာသား ၅၀ လောက်ကို ဖမ်းဆီးထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒေသခံတဦးက “မနက် ၁၁ နာရီ လောက်မှာမီးရှို့တာ၊ အခုတော့ ဒေသခံတွေ ထွက်ပြေး တိမ်းရှောင်နေရတယ်။ ပျက်စီးဆုံးရှုံးမှုကတော့ အိမ်ခြေ ၁၀၀ ကျော်လောက် ရှိတယ်၊ ရွာထဲကျန်နေခဲ့တဲ့ နဘဲပင်လှကျေးရွာသား အသက် ၃၀အရွယ် အမျိုးသားတစ်ဦး အသတ်ခံရတယ် '' လို့ ဆိုပါတယ်။

ဒါအပြင် စစ်တပ်က ကံဘဲ့ရွာနဲ့ ရွှေကျင်ရွာတွေကိုပါဝင်ရောက်ပြီး ဒေသခံ ၅၀ နီးပါးကို ဖမ်းဆီး ထားတယ်လို့ ဆိုပါတယ်။

အခုလို စစ်ကောင်စီက စစ်ကြောင်းထိုးဝင်ရောက်လာတဲ့အတွက် နဘဲပင်လှရွာ၊ ကံဘဲရွာ၊ ရွှေကျင်ရွာ နဲ့ အနီးပတ်ဝန်းကျင်ကျေးရွာက  ဒေသခံ ၁ သောင်းနီးပါးဟာ  ဘေးလွတ်ထွက်ပြေး နေရတယ်လို့  သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013