DVB Logo
Home
မြန်မာသတင်း
မြိုင်နှင့်ရေစကြိုမြို့နယ်တို့တွင် စစ်ကောင်စီတပ်များ တိုက်ခိုက်ခံရ
DVB
·
June 3, 2023
မြိုင်နှင့်ရေစကြိုမြို့နယ်တို့တွင် စစ်ကောင်စီတပ်များ တိုက်ခိုက်ခံရ
Donate to DVB

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ သရက်ကန်ကျေးရွာမှာ စစ်ကောင်စီတပ်နဲ့ ပျူစောထီးအဖွဲ့ကို ဒေသခံပြည်သူ့ကာကွယ်ရေးအဖွဲ့က ဇွန် ၁ ရက် ညနေ ၅ နာရီခွဲလောက် သွားရောက်ပစ်ခတ်ခဲ့တယ်လို့ ဒေသခံကာကွယ်ရေးခေါင်းဆောင်တွေက ပြောပါတယ်။

အဆိုပါ သရက်ကန်ကျေးရွာက ပျူစောထီးအဖွဲ့ဟာ စစ်အာဏာသိမ်းချိန်ကနေ လက်ရှိအချိန်အထိ စစ်ကောင်စီစစ်တပ်နဲ့ ပူးပေါင်းပြီး မြိုင်မြို့နယ်အတွင်းက ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေကို တိုက်ခိုက်နေတာလို့ ဆိုပါတယ်။

“ပစ်တာက မနေ့က ဇွန် ၁ ရက်နေ့ ညနေပိုင်းက အလစ်ဝင်ပစ်တာဗျ။ ကျနော်တို့ ၅၀၀ မမ လက်နက်ကြီး ၃ လုံးနဲ့ ပစ်ခတ်တာဗျ။ ပစ်တဲ့နေရာက စစ်သား နဲ့ ပျူတွေ ဘောလုံးကွင်းထဲ ဘောလုံးကန်နေတဲ့အချိန် သွားပစ်တာဗျ။ ဒီနေ့မနက် ကျနော်တို့ သတင်းပြန်ကြားရတာက ပျူ ၅ ကောင် ဒဏ်ရာပြင်းထန်ရတယ်လို့ သိရတယ်ဗျ။ နောက်ပြီး အိမ်လည်း ပျက်စီးတယ်လို့လည်း သိထားရတယ်” လို့ MVP Revolution Force ရဲ့ ခေါင်းဆောင် ကိုနိုင်ကြီးက ပြောပါတယ်။

သရက်ကန်ကျေးရွာဟာ အိမ်ခြေ ၄၀၀ ဝန်းကျင်နီးပါးရှိတဲ့ ကျေးရွာဖြစ်သလို စစ်ကောင်စီနဲ့ ပူးပေါင်းတာကြောင့် ဒေသတွင်းပြည်သူတွေက ပျူရွာအဖြစ် သတ်မှတ်ထားကြပြီး အသွားအလာ နဲ့ အရောင်းအဝယ် မလုပ်ကြဘူးလို့ ဒေသခံတွေက ပြောပါတယ်။

အခုတိုက်ခိုက်မှုကို မြိုင်နယ်အရှေ့ပိုင်းက MVP Revolution Forceက သွားရောက်တိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

မကွေးတိုင်း ရေစကြိုမြို့နယ်မှာ ဇွန် ၁ ရက်နေ့က စစ်ကောင်စီတပ်စစ်သားတွေကို တရက်တည်း ၃ ကြိမ် မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ ရေစကြိုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ပြောပါတယ်။

ရေစကြိုမြို့နယ်၊ ခလရ ၂၅၈ ကနေ တောင်အိုတာတိုင်ဂိတ်ကို အင်အားဖြည့်တင်းဖို့လာတဲ့ စစ်သား ၄၀ ဝန်းကျင်ကို ကံသစ်နဲ့ ကြီးကန်ကျေးရွာကြားမှာ ဇွန် ၁ ရက်နေ့   မနက် ၈ နာ ရီ၄၅ မိနစ်လောက်က မိုင်း ၁၈ လုံးတွဲနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ ရေစကြိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ သတင်းနဲ့ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

"သူတို့ကို ကျနော်တို့မိုင်းဆွဲနေကျ နေရာနားရောက်တော့ သူတို့ဆင်းပြီး မိုင်းတွေရှာတာ၊ ရှာတော့ သူတို့တွေ့တယ်။ ကျနော်တို့ ရဲဘော်တွေက ၁၈ လုံးတွဲ ပဒေသာမိုင်းနဲ့ မိုင်းဆွဲလိုက်တာ၊ မိုင်းဖော်နေတဲ့ ၆ ယောက်က သေပြီး ၁၀ ယောက်​လောက် ဒဏ်ရာရတယ်လို့ သိရတယ်။"

စစ်ကောင်စီတပ် စစ်သား ၃၀ ဝန်းကျင်ပါ ဖောကားတစ်စီးကိုလည်း ဇွန် ၁ ရက် မနက် ၁၁ နာရီလောက်က အောင်မိုးလမ်းဆုံနားမှာ ၅ လုံးတွဲ ၂ တွဲနဲ့ မိုင်းဆွဲခဲ့ပြီး လက်လုပ် ၄၀ မမ နှစ်လုံးနဲ့ ထပ်မံပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

ရေစကြိုမြို့ပေါ်ကို အင်အားဖြည့်တင်းဖို့လာတဲ့ စစ်သားတွေကို မြို့အဝင် ဘက်ဆုံခြံနားမှာ နေ့လယ် ၂ နာရီလောက် ၃ လုံးတွဲ ၂ တွဲနဲ့ ထပ်မံမိုင်းဆွဲခဲ့တယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်သားတွေ မိုင်းဆွဲတိုက်ခိုက်ခံရပြီး ထိခိုက်သေဆုံးမှုအခြေအနေကို ဒီဗွီဘီအနေနဲ့ သီးခြားအတည်မပြုနိုင်သေးပါဘူး။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013