DVB Logo
Home
မြန်မာသတင်း
ရခိုင်ပြည်နယ်ကို မုန်တိုင်းထပ်မံဝင်ရောက်နိုင်သဖြင့် ဒေသခံများ စိုးရိမ်နေ
DVB
·
June 2, 2023
ရခိုင်ပြည်နယ်ကို မုန်တိုင်းထပ်မံဝင်ရောက်နိုင်သဖြင့် ဒေသခံများ စိုးရိမ်နေ
Donate to DVB

မိုခါဆိုင်ကလုန်းမုန်တိုင်း ဝင်ရောက်ခဲ့တဲ့ ရခိုင်ပြည်နယ်မှာ တလမပြည့်ခင် ဇွန် ၈ ရက်နေ့လောက်မှာ မုန်တိုင်းထပ်ဝင်နိုင်တဲ့အတွက် ပြည်သူတွေ စိုးရိမ်မှုမြင့်တက်နေတယ်လို့ ပြန်လည်ထူထောင်ရေး ဆောင်ရွက်ပေးနေသူတွေနဲ့ မြို့ခံတွေထံက သိရပါတယ်။

မေ ၁၄ ရက်မှာ တိုက်ခတ်ခဲ့တဲ့ မိုခါမုန်တိုင်းဟာ ရခိုင်ပြည်နယ် စစ်တွေ၊‌‌ ကျောက်ဖြူ၊ သံတွဲ၊ ‌မြောက်ဦး၊ ဘူးသီးတောင်၊ မောင်တောမြို့နယ်တွေနဲ့ ကျေးရွာအားလုံးနီးပါး ထိခိုက်ပျက်စီး ဆုံးရှုံးမှုများပြီး လူသေဆုံးမှုတွေ ရှိခဲ့ပါတယ်။

ပြန်လည်ထူထောင်ရေး ဆောင်ရွက်ပေးနေတဲ့ Mrauk-U Youths Association တာဝန်ရှိသူက “ကျနော်တို့ အဓိကလုပ်ပေးနေတာ အမိုးအကာပေါ့။  မြောက်ဦးကို ၄၀ ရာခိုင်နှုန်း၊ ရသေ့တောင်ကို ၆၀ ရာခိုင်နှုန်း ကူညီပေးနေတာပါ။  ကျနော်တို့အဖွဲ့ လုပ်နိုင်တဲ့အပေါ် မူတည်ပြီး လုပ်နေတာပါ။ မိုးကာလိပ်၊ ဝါး၊ ဖွဲနုပိုင်(တိုင်)ပါမယ်။ ယာယီအိမ်လေးပေါ့၊ မိုးတွင်းကာလမရောက်ခင် နေလို့ထိုင်လို့ရအောင်ပါ” လို့ ဒီဗွီဘီကို ပြောပါတယ်။

အများပြည်သူလှူဒါန်းပေးတဲ့ အကူအညီငွေတွေနဲ့ သူတို့အဖွဲ့ လုပ်နိုင်တဲ့အားနဲ့ ကူညီပေးနေပြီး လမ်းပန်းဆက်သွယ်ရေး အဆင်မပြေတာနဲ့ လိုအပ်တဲ့ပစ္စည်း ဝယ်ယူရာမှာ အခက်အခဲတွေ ရှိတယ်လို့ ဆိုပါတယ်။

မြောက်ဦးမြို့နယ် ရဲဖျားရွာသားတဦးက “အကူအညီရယ်လို့ ပရဟိတအဖွဲ့တွေ လာလှူတာလောက်ပဲ ရဖူ။တယ်။ အမိုးအကာပေးတဲ့သူတွေကိုတော့ အကြောင်းကြားထားပါတယ်။ ။သူတို့ အလှည့်နဲ့ စီစဉ်ပေးနေတယ်လို့ ပြောပါတယ်။ အာဏာပိုင်အဖွဲ့အစည်းတွေဆီကတော့ ဘာအထောက်အပံ့မှမရသေးပါဘူး”လို့ ပြောပါတယ်။။

မုန်တိုင်းအပြီး ရက် ၂၀ ခန့်အထိ မုန်တိုင်းဒဏ်ခံခဲ့ရသူတွေ အခက်အခဲများစွာရှိနေပြီး နေထိုင်ရေးအတွက်တင်မဟုတ်ဘဲ မုန်တိုင်းကြောင့် သောက်သုံးရေကန်တွေမှာ ပင်လယ်ရေငန်တွေ ဝင်ရောက်ကာ သောက်သုံးရေပါ ခက်ခဲနေတယ်လို့ သိရပါတယ်။

နိုင်ငံတကာ အကူအညီပေးရေးအဖွဲ့တွေ ရခိုင်ပြည်နယ်အတွင်း ဝင်ရောက်နိုင်ဖို့ဖို့ စစ်ကောင်စီနဲ့ ညှိနှိုင်းနေပြီး ထိရောက်တဲ့ ကူညီကယ်ဆယ်ပေးမှုတွေ မရှိသေးဘူးလို့ သိရပါတယ်။။

ကယ်ဆယ်ရေးအဖွဲ့ဝင်တဦးက “အခုက ထူထောင်ရေးလုပ်နေတဲ့ကာလပေါ့။။ ပထမအပူတောင် မပြီးသေးဘူး။ နောက်ထပ်အပူလာမှာပေါ့။ အဲ့အတွက်တော့ ပြင်ဆင်ထားတာ ဘာမရှိသေးပါဘူး။ သက်ဆိုင်ရာဌာနတွေကလည်း မုန်တိုင်းထုတ်ပြန်ထားတဲ့ သတင်းတော့ မတွေ့ရသေးပါဘူး” လို့ ပြောပါတယ်။

ပြန်လည်ထူထောင်ရေး စတင်နေတဲ့တဲ့ ပထမအဆင့်အချိန်မှာပဲ ဇွန် ၈  ရက်နဲ့ ၉ ရက်နေ့တွေမှာ မြန်မာနိုင်ငံ အနောက်ကမ်းရိုးတန်းမြို့နယ်တွေကို မုန်တိုင်းထပ်ဝင်ရောက်နိုင်ပြီး မိုးကြီးလေပြင်းတွေ ကျရောက်နိုင်တယ်လို့ မိုးလေဝသပညာရှင်က ထုတ်ပြန်ထားပေမဲ့ မိုးဇလဌာနကတော့ မုန်တိုင်းသတင်း အတည်ပြုထုတ်ပြန်တာမရှိသေးပါဘူး။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013