DVB Logo
Home
မြန်မာသတင်း
ကြားကာလဗဟိုဘဏ် အမျိုးသားညီညွတ်ရေးအစိုးရ(NUG) စတင်ထူထောင်
DVB
·
June 2, 2023
ကြားကာလဗဟိုဘဏ် အမျိုးသားညီညွတ်ရေးအစိုးရ(NUG) စတင်ထူထောင်
Donate to DVB

မြန်မာနိုင်ငံရဲ့ ဘဏ်လုပ်ငန်းကို ထိန်းကျောင်းဖို့နဲ့ အများပြည်သူပိုင် နိုင်ငံခြားအရန်ငွေကို အကြမ်းဖက်လုပ်ရပ်‌တွေမှာ သုံးနေတာကနေတားဆီးဖို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က စီမံကိန်း၊ ဘဏ္ဍာရေးနဲ့ ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာနကို ကြားကာလဗဟိုဘဏ် (Interim Central Bank) အဖြစ် ဇွန် ၁ ရက်နေ့မှာ အာဏာအပ်နှင်းလိုက်ပါတယ်။

ဒီအတွက် ယာယီသမ္မတ ဒူဝါလရှီးလက ဥပဒေလိုအာဏာတည်တဲ့အမိန့်ကို ထုတ်ပြန်ပြီး နိုင်ငံတကာနဲ့ ဒေသတွင်း ဗဟိုဘဏ်‌တွေနည်းတူ ဗဟိုဘဏ်တရပ်အနေနဲ့ လုပ်ငန်းတွေကို အကောင်အထည်ဖော်ဖို့ တာဝန်ပေးလိုက်တာပါ။

အကြမ်းဖက်စစ်တပ်ရဲ့ဗဟိုဘဏ်က ထိန်းချုပ်ထားတဲ့ ဘဏ်တွေဟာ ဘဏ်တခုအနေနဲ့ စောင့်ထိန်းရမယ့်အပ်ငွေအပ်နှံသူ ပြည်သူ‌တွေရဲ့ အကျိုးစီးပွားကို မကြည့်ရှုဘဲ အကြမ်းဖက်စစ်တပ်အလိုကျ ဆောင်ရွက်ခဲ့ကြတဲ့အတွက် ပြည်သူ နစ်နာဆုံးရှုံးမှု‌တွေ ခံစားနေကြရတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် အများပြည်သူပိုင် နိုင်ငံခြားအရန်ငွေတွေကိုလည်း ပြည်သူ‌တွေကို အကြမ်းဖက်သတ်ဖြတ်ရာမှာသုံးတဲ့ လေယာဉ်ဆီအပါအဝင် လက်နက်နဲ့ လက်နက် ထုတ်လုပ်ရေးပစ္စည်း‌တွေ ဝယ်တာမှာ သုံးစွဲနေတာကြောင့် ပြည်သူ‌တွေရဲ့ နစ်နာဆုံးရှုံးတာ‌တွေကို အချိန်မီကုစားနိုင်ဖို့ အတွက်လို့လည်း ဆိုပါတယ်။

ကြားကာလဗဟိုဘဏ်အနေနဲ့ ဘဏ်နဲ့ ငွေရေးကြေးရေး အဖွဲ့အစည်း လိုင်စင်လျှောက်ထားလာတဲ့ အဖွဲ့အစည်း၊ ကုမ္ပဏီတွေကို စိစစ်ပြီး လုပ်ငန်းလိုင်စင်ထုတ်ပေးဖို့၊ တာဝန်‌တွေကိုဆောင်ရွက်ရာမှာလိုအပ်တဲ့ အမိန့်၊ စည်းမျဉ်း၊ စည်းကမ်း၊ ကြေညာချက်တို့ကို အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ရဲ့ခွင့်ပြုချက်နဲ့ ထုတ်ပြန်ဖို့ လုပ်ပိုင်ခွင့်ပေးထားပါတယ်။

ကြားကာလဗဟိုဘဏ်ကို ဒါရိုက်တာအဖွဲ့ ဖွဲ့စည်းစီမံခန့်ခွဲရမှာဖြစ်ပြီး ပြည်ထောင်စုဝန်ကြီးကို ဒါရိုက်တာအဖွဲ့ ဥက္ကဋ္ဌနဲ့ ကြားကာလဗဟိုဘဏ်ဥက္ကဋ္ဌအဖြစ် ပူးတွဲ တာဝန်ထမ်းဆောင်စေ လိုက်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013