DVB Logo
Home
Lead Story
ကိုယ်ဝန်ဆောင်အမျိုးသမီးများနဲ့ စိတ်ကျန်းမာရေးပြဿနာများ
DVB
·
June 2, 2023
ကိုယ်ဝန်ဆောင်အမျိုးသမီးများနဲ့ စိတ်ကျန်းမာရေးပြဿနာများ
Donate to DVB

ကိုယ်ဝန်ဆောင်ချိန်ဟာ အရမ်းပျော်ပြီး စိတ်လှုပ်ရှားစရာကောင်းတဲ့ အချိန်တခုပါ။ ဒါပေမဲ့ အမျိုးသမီးတိုင်း အဲ့လိုမခံစားရပါဘူး။ ကိုယ်ဝန်ရှိတာနဲ့ပတ်သက်လို့ စိတ်ခံစားချက်တွေ ရောထွေးနိုင်သလို အဆိုးမြင်မှုတွေလည်း ရှိနိုင်ပါတယ်။ ကိုယ်ဝန်ရှိစမှာ ခံစားချက်တွေ အများကြီး သက်‌ရောက်နိုင်ပါတယ်။ ဥပမာ မနက်ခင်းဖျားနာတာလိုမျိုး ရုပ်ပိုင်းဆိုင်ရာ လက္ခဏာတွေ၊ ပံ့ပိုးကူညီမှုမရှိရင် စိတ်ဖိစီးမှုတွေ ရှိလာနိုင်ပါတယ်။

အမျိုးသမီးတွေဟာ ကိုယ်ဝန်ရှိတာ (ဒါမှမဟုတ်) ကလေးမွေးဖွားတာအတွက် မကြာခဏ စိုးရိမ်ပူပန်တတ်ကြပါတယ်။ တခါတရံမှာ စိုးရိမ်ပူပန်တာ၊ စိတ်ဖိစီးတာတွေကတော့ ပုံမှန်ပဲ ဖြစ်ပါတယ်။

သူတို့စိုးရိမ်တာတွေကတော့…

  • မိခင်ဖြစ်လာလို့ သူတို့ရဲ့အလုပ်တွေ ရပ်လိုက်ရတာ။
  • ဆက်ဆံရေးမှာလည်း အပြောင်းအလဲဖြစ်လာတာ။
  • မိခင်‌ကောင်းတယောက် ဖြစ်လာပါ့မလား။
  • ကိုယ်ဝန် ဒါမှမဟုတ် ကလေးမှာ ပြဿနာဖြစ်လာနိုင်တာ။
  • ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးပြဿနာတွေနဲ့ ကိုယ်ဝန်နောက်ဆက်တွဲ ပြဿနာတွေ
  • ကလေးမွေးရမှာ ကြောက်တာနဲ့
  • ပံပိုးမှုမရှိဘဲ တယောက်တည်းဖြစ်နေမှာကို စိုးရိမ်တတ်ကြပါတယ်။

အမျိုးသမီး ငါးယောက်မှာ တယောက်ဟာ ကိုယ်ဝန်ဆောင်ချိန် ဒါမှမဟုတ် ကလေးမွေးဖွားပြီးချိန်မှာ စိတ်ကျန်းမာရေးဆိုင်ရာ ပြဿနာတွေ ရှိနေတတ်ပါတယ်။ စိတ်ဓာတ်ကျတာနဲ့ စိုးရိမ်ပူပန်မှုတွေဟာ ကိုယ်ဝန် ၄ လကနေ ၅ လမှာ အဖြစ်များတဲ့ စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေဖြစ်ပြီး ကိုယ်ဝန်ဆောင် အမျိုးသမီး ၁၀၀ မှာ ၁၀ ယောက် ဒါမှမဟုတ် ၁၅ ယောက်က ဖြစ်နိုင်ခြေရှိပါတယ်။

ကိုယ်ဝန်ဆောင်ချိန်မှာ မိခင်တွေရဲ့ စိတ်ကျန်းမာရေးကို ထိခိုက်စေနိုင်တဲ့ အရာတွေကတော့ …

  • အရင်က စိတ်ကျန်းမာရေးပြဿနာ ရှိဖူးတာ။
  • စိတ်ကျန်းမာရေးပြဿနာအတွက် ဆေးဝါးတွေကို ရပ်တန့်တာ။
  • မကြာသေးခင်က စိတ်ဖိစီးစရာဖြစ်ရပ်တွေ ကြုံရတာ။ (ဥပမာ မိသားစုဝင်သေဆုံးခြင်း၊ ဆက်ဆံရေး အဆုံးသတ်ခြင်း)
  • ကိုယ်ဝန်နဲ့ပတ်သက်ပြီး မပျော်တာ။
  • ကလေးဘဝက အခက်အခဲတွေအကြောင်း ဝမ်းနည်းစရာ အမှတ်တရတွေပဲ ဖြစ်ပါတယ်။

တခါတလေမှာ ကိုယ်ဝန်ကြောင့်ဖြစ်တဲ့ လက္ခဏာတွေက စိတ်ရောဂါလက္ခဏာတွေနဲ့ ရောထွေးနေနိုင်ပါတယ်။ ဥပမာ အိပ်ရေးပျက်တာနဲ့ အားအင်မရှိတာတွေက ကိုယ်ဝန်နဲ့ စိတ်ဓာတ်ကျတာ နှစ်ခုစလုံးမှာ အဖြစ်များပါတယ်။

ကိုယ်ဝန်ဆောင်ကာလမှာ ရုပ်ပိုင်းဆိုင်ရာနဲ့ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးပြဿနာ နှစ်ခုလုံးကို ကုသမှုခံယူဖို့ အရေးကြီးပါတယ်။ ဝေဒနာပြင်းထန်မှုပေါ်မူတည်ပြီး ဆေးဝါးနဲ့ စိတ်ပိုင်းဆိုင်ရာ ကုထုံးတွေက ကူညီပေးနိုင်ပါတယ်။

ဆေးဝါးများ

အမျိုးသမီးတိုင်း ကိုယ်ဝန်မဆောင်မီ၊ ကိုယ်ဝန်ဆောင်စဉ်နဲ့ မီးဖွားပြီးချိန်တွေမှာ မတူညီတဲ့ ရုပ်ပိုင်းနဲ့ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးအတွက် ဆေးဝါးတွေ သောက်သုံးရပါတယ်။ ကိုယ်ဝန်ရှိချိန် ဆေးတွေကို ညဆက်သောက်ဖို့၊ ပြောင်းလဲဖို့နဲ့ ရပ်ပစ်ဖို့က လွယ်ကူတာ မဟုတ်ပါဘူး။ မိသားစုဆရာဝန် ဒါမှမဟုတ် စိတ်ကျန်းမာရေးဆရာဝန်က မိခင်နဲ့ ကလေးအတွက် အကောင်းဆုံး ဆုံးဖြတ်နိုင်ဖို့ ကူညီပေးနိုင်ပါတယ်။

စိတ်ပိုင်းဆိုင်ရာကုထုံးများ

စကားပြောကုသမှုဟာ တချို့အမျိုးသမီးတွေအတွက် အထောက်အကူပြုနိုင်ပြီး ဆေးအစား အသုံးပြုနိုင်ပါတယ်။ တချို့ကတော့ စိတ်ပိုင်းဆိုင်ရာ ကုထုံးတွေအပြင် ဆေးဝါးတွေပါ လိုအပ်နိုင်ပါတယ်။

ကိုယ်ဝန်ဆောင်မိခင်တွေကို သူတို့ရဲ့ လုပ်ဖော်ကိုင်ဘက်၊ မိသားစု၊ သူငယ်ချင်းတွေက လက်တွေ့ကျတဲ့ နည်းလမ်းတွေနဲ့ ကူညီပေးနိုင်ပါတယ်။

ကိုယ်ဝန်ဆောင်စဉ်မှာ စိတ်ကျန်းမာရေးအခြေအနေကို ထိန်းသိမ်းနိုင်ဖို့ …

  • ကျန်းမာရေးနဲ့ ညီညွတ်မျှတတဲ့ အစားကိုစားပါ။
  • အရက်သောက်ခြင်းကို လျှော့ချပါ။
  • ဆေးလိပ်ဖြတ်ပါ။
  • နှစ်သက်တဲ့ အရာတခုခုကို လုပ်ဖို့၊ စိတ်အပန်းဖြေဖို့ အထောက်အကူဖြစ်စေဖို့ အပတ်တိုင်း အချိန်အနည်းငယ်ယူပါ။
  • တရားထိုင်ပါ။
  • မိသားစုနဲ့ သူငယ်ချင်းတွေကို အိမ်မှုကိစ္စ၊ ဈေးဝယ်ခြင်း စတာတွေကို ကူညီခိုင်းပါ။
  • ပုံမှန်အိပ်ပါ။
  • ကျန်းမာသန်စွမ်းရေး အစီအစဉ်တခုကို ပြုလုပ်ပါ။

လီလီ

Ref: Mental health in pregnancy (Royal College of Psychiatrists)

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013