DVB Logo
Home
မြန်မာသတင်း
ခန္တီးခရိုင်တွင် စစ်တပ်ပစ်ခတ်မှုကြောင့် အရပ်သား ၂ ဦးသေဆုံး၊ ၇ ဦး ဒဏ်ရာရ
DVB
·
June 1, 2023
ခန္တီးခရိုင်တွင် စစ်တပ်ပစ်ခတ်မှုကြောင့် အရပ်သား ၂ ဦးသေဆုံး၊ ၇ ဦး ဒဏ်ရာရ
Donate to DVB

စစ်ကိုင်းတိုင်း၊ ခန္တီးခရိုင်၊ ဖောင်းပြင်မြို့နယ်နဲ့ ဟုမ္မလင်းမြို့နယ်အတွင်းကို စစ်ကောင်စီတပ်နဲ့ SNA ရှမ်းနီတပ်တို့က မေ ၂၅ ရက်မှာ အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးလာပြီး ဖောင်းပြင် နတ်စက်ရွာနဲ့ ဟုမ္မလင်း နောင်ဆွတ်ခါးကျေးရွာအတွင်းကို လက်နက်ကြီးနဲ့ အကြိမ်ပေါင်းများစွာ ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် အရပ်သား ၂ ဦး သေဆုံးပြီး ၆ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

ဒေသခံတွေက “စစ်တပ်နဲ့ SNA ရှမ်းနီတပ်ပေါင်းပြီး ဟုမ္မလင်းနဲ့ ဖောင်းပြင်အစပ်ပေါ့လေ၊ အဲ့ဒီဘက်ကို အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်လာတယ်။ ​မေလ ၂၅ နဲ့ ၂၆ မှာ စစ်တပ်နဲ့ SNA ပူးပေါင်းအဖွဲ့က နတ်စက်ရွာထဲကို လက်နက်ကြီးနဲ့ အချက်ရေ ၆၀ လောက်ပစ်တယ်။ စက်လတ် ၃ လက်နဲ့လည်း အဆက်မပြတ်ပစ်တယ်။ အရပ်သားတို့ PDF ကို မခွဲဘဲ အကုန်ပစ်လို့ အရပ်သား ၂ ဦးသေတယ်၊ ၆ ဦး ဒဏ်ရာရတယ်။ အဲ့ဒါက နတ်စက်မှာ၊ ပြီးတော့ မေ ၃၀ မှာကြတော့ နောင်ဆွတ်ခါးရွာကို စစ်တပ်ကပစ်လို့ အဘိုးကြီး ၁ ဦး သေနတ်မှန်ပြီး ဒဏ်ရာရတယ်။”

ဖောင်းပြင်မြို့နယ်နဲ့ ဟုမ္မလင်းမြို့နယ်အစပ်က ကျေးရွာတွေကို စစ်ကောင်စီတပ်နဲ့ SNA ရှမ်းနီတပ် ပူးပေါင်းအင်အား ၂၅၀ ဝန်းကျင်နဲ့ လက်နက်ကြီးပစ်ကူယူပြီး ထိုးစစ်ဆင်နေတာကြောင့် ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်တွေနဲ့ မေ ၂၅ ရက်က စတင်ပြီး တိုက်ပွဲဖြစ်ပွားနေတယ်လို့လည်း PDF တပ်ဖွဲ့ဝင်တဦးက ဆိုပါတယ်။

“SNA ပါတယ်၊ ကသဲပါတယ်၊ စစ်တပ်က ၂၇၂ ပါတယ်၊ ဟုမ္မလင်းမြို့ပေါ်က ၂၂၂၊ ၃၇၀၊ ၃၆၉ အားလုံးပေါင်းလိုက်ရင်တော့ အင်အား ၂၅၀ ကျော်ပါတယ်။ သူတို့က စစ်ကြောင်းတွေ ထိုးနေလို့ မေ ၂၅ ကတည်းက စ​ဖြစ်နေတာ ၃၁ ရက်နေ့ထိပဲ။”

စစ်တပ်က အာဏာသိမ်းတဲ့ ၂ နှစ်ကျော်ကာလအတွင်း စစ်ကိုင်းတိုင်း၊ ခန္တီးခရိုင်၊ ဖောင်းပြင်မြို့နယ်နဲ့ ဟုမ္မလင်းမြို့နယ်အတွင်းမှာ စစ်ကောင်စီတပ်နဲ့ ပူးပေါင်း SNA ရှမ်းနီတပ်တွေနဲ့ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်တွေကြား တိုက်ပွဲ မကြာခဏ ဖြစ်ပွားလေ့ရှိတာပါ။

အာဏာသိမ်းစစ်ကောင်စီတပ်နဲ့ SNA ရှမ်းနီတပ်တို့ရဲ့ ပူးပေါင်းထိုးစစ်ဆင်မှုတွေကြောင့် အဲ့ဒီနယ်မြေက ဒေသခံပြည်သူ ၂ ဦး သေဆုံးပြီး ၇ ဦး ဒဏ်ရာရကာ လူဦးရေ ၂,၀၀၀ ကျော် စစ်ဘေးတိမ်းရှောင်နေရပါတယ်။

ခန္တီးခရိုင်က တိုက်ပွဲတွေနဲ့ပတ်သက်ပြီး စစ်ကောင်စီဘက်က ထုတ်ပြန်တာ မရှိသေးသလို SNA ရှမ်းနီတပ်ကိုလည်း ဆက်သွယ်လို့ မရသေးပါဘူး။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013