DVB Logo
Home
မြန်မာသတင်း
မောင်တောခရိုင်တွင် ဌာနဆိုင်ရာဝန်ထမ်းများ လစာ ၂ ဆမရတော့သဖြင့် အခက်တွေ့
DVB
·
June 1, 2023
မောင်တောခရိုင်တွင် ဌာနဆိုင်ရာဝန်ထမ်းများ လစာ ၂ ဆမရတော့သဖြင့် အခက်တွေ့
1 / 3
Donate to DVB

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်က ဌာနဆိုင်ရာဝန်ထမ်းတွေဟာ အရင် အန်အယ်လ်ဒီအစိုးရ လက်ထက်က အထူးကိစ္စတရပ်အနေနဲ့ ၃ လ ၁ ကြိမ် အမိန့်စာထုတ်ပြန်ကာ ​ဝန်ထမ်းတွေကို ခံစားခွင့်ပြုထားခဲ့တဲ့ လစာ နှစ်ဆကို အခု အာဏာသိမ်း စစ်ကောင်စီလက်ထက် ဧပြီလကစပြီး ဆက်လက်ခံစားခွင့် မရတော့တာကြောင့် ဝန်ထမ်းတွေ စားဝတ်နေရေး အခက်တွေ့နေကြပါတယ်။

မောင်တောခရိုင်မှ ပညာရေးဝန်ထမ်းတဦးက “ဧပြီလကစပြီး လစာ နှစ်ဆ မရရှိခဲ့ကြဘူး။ ၃ လတကြိမ် အမိန့်စာထုတ်ပြီးမှ ရကြတာဆိုတော့ ဒီ မေလမှာ ပြန်ရကြမယ်လို့ အထက်အရာရှိတွေက ပြောထားခဲ့ကြတယ်။ အခုတော့ ဒီ မေလမှာလည်း လစာ နှစ်ဆ မရကြတော့ စားဝတ်နေရေး အလွန်အခက်အခဲ ဖြစ်ကြရမှာပါ။ ကျောင်းကို သုံးဘီးငှားသွားစရိတ်လောက်ပဲ ရှိတာ” လို့ ပြောပါတယ်။

ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေနဲ့ ကုန်ဈေးနှုန်း မြင့်မားတဲ့အတွက် မောင်တောခရိုင်ဖြစ်တဲ့ ဘူးသီးတောင်မြို့နဲ့ မောင်တောမြို့တွေက ဌာနဆိုင်ရာဝန်ထမ်းတွေကို မူရင်းလစာရဲ့ ၂ ဆကို အန်အယ်လ်ဒီအစိုးရလက်ထက်က အထူးကိစ္စတရပ်အနေနဲ့ ၃ လ ၁ ကြိမ် အမိန့်ကြော်ငြာစာတွေ ထုတ်ပြန်ကာ ခံစားခွင့်ပြုထားခဲ့တာပါ။

ဘူးသီးတောင်မြို့မှာ တာဝန်ကျနေတဲ့ နယ်ခြားစောင့်ဝန်ထမ်းတဦးက “ဟုတ်ပါတယ်။ အန်အယ်လ်ဒီအစိုးရလက်ထက်က သတ်မှတ်ပေးခဲ့တဲ့ လစာ နှစ်ဆ၊ အခု စစ်ကောင်စီလက်ထက်မှာ မပေးတော့ဘဲ ရပ်တန့်လိုက်တော့ စားဝတ်နေရေး လုံးဝ အဆင်ပြေကြမှာ မဟုတ်တော့ဘူး။ မိုခါမုန်တိုင်းကြောင့် ကုန်ဈေးနှုန်းတွေက အဆမတန် တက်နေတာလေ” လို့ ပြောပါတယ်။

မောင်တောခရိုင်မှာ ၂ဝ၁၆/၁၇ ခုနှစ်က ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေကြောင့် ၂၀၁၇ ခုနှစ် အောက်တိုဘာလက စတင်ပြီးလည်းကောင်း၊ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်မှာလည်း ၂ဝ၂ဝ ပြည့်နှစ်၊ ဒီဇင်ဘာလမှစပြီးလည်းကောင်း မူရင်းလစာရဲ့ နှစ်ဆကို အန်အယ်လ်ဒီအစိုးရလက်ထက်မှာ အထူးကိစ္စတရပ်အနေနဲ့ ၃ လ ၁ ကြိမ် အမိန့်စာထုတ်ပြန်ကာ နိုင်ငံ့ဝန်ထမ်းတွေအားလုံးကို ခံစားခွင့်ပြုထားခဲ့တာဖြစ်ပြီး အခု စစ်ကောင်စီလက်ထက်မှာ ၂၀၂၃ ဧပြီလကစပြီး ခံစားခွင့်မပြုတော့တာလည်း ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013