DVB Logo
Home
မြန်မာသတင်း
စစ်တပ်အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ကျဆုံးပြည်သူပေါင်း ၃၆၀၀ ခန့်ထိ မြင့်တက်လာ
DVB
·
June 1, 2023
စစ်တပ်အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ကျဆုံးပြည်သူပေါင်း ၃၆၀၀ ခန့်ထိ မြင့်တက်လာ
Donate to DVB

မြန်မာနိုင်ငံမှာ အာဏာသိမ်း ၂ နှစ်ကျော်အကြာ စစ်ကောင်စီတပ်တွေ အကြမ်းဖက်ပစ်ခတ် သတ်ဖြတ်မှုတွေကြောင့် နိုင်ငံတဝန်း အပြစ်မဲ့ကျဆုံးပြည်သူအယောက် ၃,၆၀၀ နီးပါးနဲ့ ဖမ်းဆီးထိန်းသိမ်းခံရသူပေါင်း ၂၂,၈၄၂ ယောက် ထိရှိလာခဲ့ပြီဖြစ်တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) က ထုတ်ပြန်ထားပါတယ်။

ဒီစာရင်းဟာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်ကနေ ၂၀၂၃ ခုနှစ်၊ မေ ၃၁ ရက် အထိ အေအေပီပီက ကောက်ယူမှတ်တမ်းပြုစုထားတာဖြစ်ပြီး အမှန်တကယ် ကျဆုံးသူတွေဟာ ဒီထက်ပိုနိုင်တယ်လို့ ဖော်ပြပါတယ်။

နွေဦးတော်လှန်ရေးကာလအတွင်း ဒီနေ့အထိ ၁၈,၅၂၂ ယောက် လက်ရှိ ချုပ်နှောင်ခံထား ရဆဲဖြစ်ပြီး အဲဒီထဲက ၆,၁၁၂ ယောက်ကတော့ ထောင်ဒဏ် ချမှတ်ခံထားရပါတယ်။

တော်လှန်ရေးနဲ့ ဆက်စပ်ပြီး သေဒဏ်ချမှတ်ခံထားရကာ အကျဉ်းထောင်တွေထဲ ထိန်း သိမ်းခံနေရသူ အရေအတွက်ကတော့ ၁၁၄ ယောက် ရှိနေပြီး မျက်ကွယ်သေဒဏ်ချမှတ်ခံထားရသူ ၄၂ ယောက်အပါအဝင် ၁၂၁ ယောက်ကတော့ မျက်ကွယ်ပြစ်ဒဏ်ချမှတ်ခံထားရတာကြောင့် သေဒဏ်ချမှတ်ခံထားရသူ စုစုပေါင်း ၁၅၆ ယောက် ရှိလာပါတယ်။

လတ်တလောအချိန်ထိ ဖမ်းဆီးခံရပြီး ပြန်လည်လွတ်မြောက်လာသူဦးရေကတော့ ၄,၃၂၀ ယောက်ရှိခဲ့တယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ မေ ၃၀ ရက်က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနကနေ အာဏာဖီဆန်ရေး လှုပ်ရှားမှု ပြုလုပ်ထားတဲ့ စာရေးဝန်ထမ်း ဒေါ်နေခြည်အောင်ကို မိုးကောင်းမြို့နယ် တရားရုံးက အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၂ (က) နဲ့ ထောင်ဒဏ် ၃ နှစ် ချမှတ်ခဲ့တယ်လို့ သိရပါတယ်။

ဒေါ်နေခြည်အောင်ကို အကြမ်းဖက်စစ်အုပ်စု တပ်ဖွဲ့ဝင်တွေက ကချင်ပြည်နယ်၊ မိုးကောင်းမြို့၊ နန့်ရင်းရပ်ကွက်က သူ့ရဲ့နေအိမ်မှာ ပြီးခဲ့တဲ့ ဧပြီ ၇ ရက်က ဖမ်းဆီးခဲ့တာဖြစ်တယ်လို့ အေအေပီပီက ပြောပါတယ်။

ဒါ့အပြင် မေ ၂၇ ရက်ညပိုင်းကလည်း ကချင်ပြည်နယ်၊ ရွှေကူမြို့မှာ အာဏာဖီဆန်ရေးလှုပ်ရှားမှု ပြုလုပ်ထားတဲ့ ကျောင်းဆရာမ ဒေါ်ခိုင်စိုးဝေကို အကြမ်းဖက်စစ်အုပ်စု တပ်သားတွေက ရွှေကူမြို့က သူ့ရဲ့နေအိမ်မှာ လာရောက်ဖမ်းဆီးခေါ်ဆောင်သွားခဲ့တယ်လို့သိရပါတယ်။ လက်ရှိမှာတော့ ဒေါ်ခိုင်စိုးဝေကို ရွှေကူမြို့မရဲစခန်းမှာ ထိန်းသိမ်းထားတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013