DVB Logo
Home
မြန်မာသတင်း
အင်းစိန်တွင် ငါးဖမ်းသင်္ဘော ဒီဇယ်ကန်အတွင်း အောက်စီဂျင်ပြတ်ပြီး လူ ၂ ဦးသေဆုံး
DVB
·
May 31, 2023
အင်းစိန်တွင် ငါးဖမ်းသင်္ဘော ဒီဇယ်ကန်အတွင်း အောက်စီဂျင်ပြတ်ပြီး လူ ၂ ဦးသေဆုံး
Donate to DVB

ရန်ကုန်၊ အင်းစိန်မြို့နယ်၊ ကြို့ကုန်းအနောက်ရပ်ကွက်၊ လှိုင်မြစ်အတွင်း အင်းစိန် ငါးလုပ်ငန်းဦးစီးဌာနမှာ ကမ်းကပ်ထားတဲ့ ငါးဖမ်းသင်္ဘောပေါ်ရှိ ဒီဇယ်ကန်အတွင်းမှာ မေ ၃၁ ရက် မနက်ပိုင်းက အမျိုးသား ၂ ဦး သေဆုံးသွားတယ်လို့ အင်းစိန်မြို့နယ် ကြက်ခြေနီတပ်ဖွဲ့က ပြောပါတယ်။

သင်္ဘောပေါ်ရှိသူတွေက ရေလုပ်သား ၂ ဦး ဒီဇယ်ကန်ထဲက ပြန်မတက်လာတာကြောင့် ကယ်ဆယ်ရေးအသင်းတွေကို မနက် ၁၀ နာရီလောက်က ဖုန်းခေါ်ခဲ့တယ်လို့ သိရပါတယ်။

အင်းစိန်မြို့နယ် ကြက်ခြေနီတပ်ဖွဲ့ တာဝန်ရှိသူတဦးက “မနက် ၁၀ နာရီလောက် ဖုန်းလှမ်းဆက်သွယ်တယ်။ ငါးသယ်‌သင်္ဘော ဝမ်းဗိုက်ထဲမှာ ကန်က ၁၈ ပေ အနက်လောက် ရှိတယ်။ အဲ့ဒီ ဒီဇယ်ကန်ထဲ ဆီဝင်ဆေးတဲ့သူ ၂ ဦး အသက်ရှုကြပ်ပြီး သေဆုံးသွားတာပါ။ တယောက်က ၂၅ နှစ်၊ တယောက်က အသက် ၄၀ ကျော်ပါပဲ၊ အင်းစိန်ဆေးရုံကြီး ပို့ဆောင်ပေးထားပါတယ်” လို့ ပြောပါတယ်။

ရေလုပ်သားတွေရဲ့ ပြောပြချက်အရ အဲ့ဒီမနက်ပိုင်းက ဖြိုးပွင့်အောင် 555 သင်္ဘောပေါ်က အနက် ၁၈ ပေရှိ ဒီဇယ်ကန်ထဲကို ဆီဝင်ဆေးဖို့ အမျိုးသား ၁ ဦး အရင်ဆင်းသွားခဲ့ပြီး ပြန်တက်မလာတဲ့အတွက် နောက် ၁ ဦးက ထပ်မံဆင်းသွားရာကနေ သေဆုံးမှု ဖြစ်ခဲ့တာပါ။

သေဆုံးသူတွေဟာ အသက် ၂၅ နှစ်ရှိ အမျိုးသားနဲ့ အသက် ၄၀ ကျော် အမျိုးသားတို့ဖြစ်ပြီး ရေလုပ်သားအဖြစ် လုပ်ကိုင်နေသူတွေလို့ သိရပါတယ်။

ရုပ်အလောင်းဆယ်ယူမှုကို အင်းစိန်မြို့နယ် မီးသတ်တပ်ဖွဲ့က ဆယ်ယူခဲ့ပြီး အင်းစိန်အခြေစိုက် အရပ်ဘက်ကယ်ဆယ်ရေးအသင်းတခုက အင်းစိန်ဆေးရုံ ရင်ခွဲဌာနကို ပို့‌ဆောင်ပေးထားတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013