DVB Logo
Home
မြန်မာသတင်း
ဒရုန်းပရောဂျက်တွင် ပူးပေါင်းပါဝင်ပေးရန် ပုလောဒေသကာကွယ်ရေးအဖွဲ့ တောင်းဆို
DVB
·
May 31, 2023
ဒရုန်းပရောဂျက်တွင် ပူးပေါင်းပါဝင်ပေးရန် ပုလောဒေသကာကွယ်ရေးအဖွဲ့ တောင်းဆို
Donate to DVB

တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ ပုလောမြို့နယ်အတွင်းမှာ ဝေဟင်တိုက်စစ် အရှိန်မြှင့်တင်နိုင်ဖို့အတွက် “ဝေဟင်တိုက်စစ် ဒရုန်းပရောဂျက်” အစီအစဉ်တခုကို ပုလောဒေသ ကာကွယ်ရေးအဖွဲ့ (PRDF) က ပြုလုပ်သွားဖို့ရှိပါတယ်။

ပုလောဒေသကာကွယ်ရေးအဖွဲ့က ပုလောမြို့နယ်အတွင်းမှာ စစ်ဘက်ဆိုင်ရာ ကင်းထောက်တာ၊ ဒရုန်းနဲ့ ဗုံးချတိုက်ခိုက်တာအတွက် အရေးတကြီးလိုအပ်တဲ့ ဒရုန်းကို ဝယ်နိုင်ဖို့ ရည်ရွယ်ချက်နဲ့ လုပ်ဆောင်တာလို့ တာဝန်ရှိသူတဦးက ပြောပါတယ်။

“တိုက်ပွဲအတွင်းမှာ ကျနော်တို့ရဲ့ဒရုန်းကို စကစတို့ရဲ့ ပစ်ချဖျက်ဆီးခြင်းကို ခံခဲ့ရပါတယ်။ ဒရုန်းပျက်စီးဆုံးရှုံးမှုကြောင့် မိမိတို့ စစ်သည်ကောင်း တပ်သားတဦး ဆုံးရှုံးရသလို ဝမ်းနည်းခဲ့ရပြီး တိုက်ခိုက်ရေး ထောက်လှမ်းရေး လုပ်ငန်းစဉ်မှာလည်း အရမ်းပဲ နှောင့်နှေး ကြန့်ကြာခဲ့ရပါတယ်။ အာဏာရှင်ကို တော်လှန်ရေး လုပ်ငန်းစဉ်မှာ အရေးပါတဲ့ ဒရုန်းတလုံး ပြန်လည်ဝယ်ယူ အသုံးချနိုင်ဖို့အတွက် မိဘပြည်သူတွေ တတ်အားသလောက် ပါဝင်ပေးဖို့ တောင်းဆိုပါတယ်။”

အဲဒီအစီအစဉ်ကို ဇွန် ၁ ရက်ကနေ ၃၀ ရက်နေ့အထိ တလကြာ ပြုလုပ်မှာဖြစ်ပြီး တိုက်ခိုက်ရေးဒရုန်း အကြီးစားတစီးကို ထိုင်းဘတ်ငွေ ၂ သိန်းခွဲမှ ၄ သိန်းခွဲအထိရှိပြီး ဗုံးသီး ၁ လုံးကို မြန်မာငွေ ၂ သိန်းဝန်းကျင်လောက် ရှိနေတယ်လို့ သိရပါတယ်။

PRDF အဖွဲ့ရဲ့ စစ်အာဏာရှင်တော်လှန်ရေး လုပ်ငန်းစဉ်မှာ အရေးပါတဲ့ ဒရုန်းတလုံး ပြန်လည်ဝယ်ယူအသုံးချနိုင်ဖို့ ပါဝင်လှူဒါန်းသူတွေအနေနဲ့ Plaw Regional Defense Force – PRDF ကနေတဆင့် ဆက်သွယ်ကာ အသေးစိတ်အချက်အလက်တွေ စုံစမ်းမေးမြန်းနိုင်ပါတယ်။

ပြီးခဲ့တဲ့ မတ်လနဲ့ ဧပြီလက ပုလောမြို့နယ်အတွင်းမှာ ပုလောဒေသ ပြည်သူ့ကာကွယ်ရေးအဖွဲ့က စစ်ကောင်စီရဲ့ ဂိတ်စခန်းတွေကို ဒရုန်းနဲ့ ၁၇ ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက်က အရာရှိတဦး အပါအဝင် စစ်ကောင်စီတပ်သား ၁၅ ဦးထက်မနည်း ကျဆုံးခဲ့တယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013