DVB Logo
Home
မြန်မာသတင်း
ပုလဲမြို့နယ်၌ စစ်ကောင်စီ လက်နက်ခဲယမ်းများ တင်လာသည့်ကား ၁ စီးကို PDF ဖမ်းဆီး
DVB
·
May 31, 2023
ပုလဲမြို့နယ်၌ စစ်ကောင်စီ လက်နက်ခဲယမ်းများ တင်လာသည့်ကား ၁ စီးကို PDF ဖမ်းဆီး
Donate to DVB

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ ကန်ဒေါင့်ရဲစခန်းကနေ မိုင်း၊ လက်ပစ်ဗုံး၊ ခဲယမ်းတွေ တင်ဆောင်လာတဲ့ စစ်ကောင်စီ အိမ်စီးကားတစီးကို မေ ၂၉ ရက် ညနေ ၃ နာရီခွဲလောက်မှာ ဖမ်းဆီးရမိခဲ့တယ်လို့ ဒေသခံ ကာကွယ်ရေးအဖွဲ့ဝင်တွေဆီကနေ သိရပါတယ်။

အဆိုပါကားပေါ်မှာ အမျိုးသမီး ၄ ဦး၊ အမျိုးသား ၁ ဦးနဲ့အတူ လက်နက်ခဲယမ်းတွေပါ သိမ်းဆည်းရမိတယ်လို့ ဒေသခံကာကွယ်ရေးအဖွဲ့တွေက ပြောပါတယ်။

သခင်ဒေါင်းညို အဖွဲ့ခေါင်းဆောင်က “ဆေးကုသွားတဲ့ လူနာကားပေါ်ကို သူတို့ပစ္စည်းတွေ အတင်းအကျပ် တင်ခိုင်းလို့ တင်ရတယ်လို့ ကျနော်တို့‌ စစ်ဆေးတဲ့အခါမှာ သိရတယ်ဗျ။ ထည့်ပေးလိုက်တာကလည်း ဂစ်တာထည့်တဲ့အိတ်ထဲထည့်ပြီး ကားပေါ် တင်ပေးလိုက်တာပါဗျ။ နောက်ပြီးတော့ အဲဒီပစ္စည်းတွေတင်လာတဲ့ ကားနဲ့ ကပ်ပါလာတဲ့ ကန်ဒေါင့်ရဲတပ်ဖွဲ့ဝင် ကျော်နိုင်ဦး ဆိုသူကိုလည်း ဖမ်းဆီးမိတယ်ဗျ။ သူကတော့ ခုခံလို့ အပြန်အလှန်ပစ်ခတ်ရင်း ကျဆုံးသွားတယ်” လို့ ပြောပါတယ်။

သခင်းဒေါင်းညိုအဖွဲ့အနေနဲ့ ဖမ်းဆီးထားတဲ့ လူနာနဲ့ ကားကို ပုလဲမြို့နယ် ပ.အ.ဖ တာဝန်ရှိသူတွေဆီကို လွှဲပြောင်းပေးခဲ့ကာ ပြန်လွှတ်ပေးလိုက်တယ်လို့လည်း သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013