DVB Logo
Home
မြန်မာသတင်း
တရုတ်ပြည်တင်ပို့သည့် စိန်တလုံးသရက်သီးများ ဈေးကောင်းမရ
DVB
·
May 31, 2023
တရုတ်ပြည်တင်ပို့သည့် စိန်တလုံးသရက်သီးများ ဈေးကောင်းမရ
Donate to DVB

ရှမ်းပြည်နယ်က စိန်တလုံးသရက်သီး စိုက်ပျိုးတဲ့တောင်သူတွေအနေနဲ့ သရက်သီး တင်ပို့ရောင်းချရာမှာ ဈေးကောင်းမရရှိတဲ့အတွက် စိုက်ပျိုးစရိတ် မကာမိဘဲ အရှုံးပေါ်နေတယ်လို့ စိန်တလုံးသရက်သီးစိုက် တောင်သူတွေက ပြောပါတယ်။

တရုတ်ပြည်ဘက် တင်ပို့ရတဲ့ ပြည်တွင်းက သရက်သီးတွေရဲ့ အရည်အသွေးကျဆင်းတာနဲ့ တရုတ်ဘက်မှာလည်း သရက်သီးပေါ်ချိန် ဖြစ်တာကြောင့် ရှမ်းပြည်ထွက် သရက်သီးတွေ ဈေးကောင်းမရတော့တာလို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ဧပြီလတုန်းက ၁၆ ကီလိုပါတဲ့ စိန်တလုံးသရက်သီး တခြင်းကို မြန်မာကျပ်ငွေ ၅၀,၀၀၀ ဝန်းကျင်အထိ ဈေးရရှိခဲ့ပေမဲ့ အခုမေလမှာတော့ ဈေးနှုန်းအဆမတန် ကျဆင်းသွားပြီး တခြင်းကို မြန်မာငွေ ၁၀,၀၀၀ ကျော်သာ ရရှိတော့တယ်လို့လည်း ဆိုပါတယ်။

အခုနှစ်က သရက်သီး သိပ်မသီးသလို သွင်းအားစုစရိတ်ကလည်း များတဲ့အပြင် လုပ်အားခတွေလည်း ပေးရတာကြောင့် အရင်းတောင် ပြန်ရဖို့ ခက်ခဲနေတယ်လို့ တောင်ကြီးမြို့မြောက်ဘက် ဇလဲကျေးရွာမှ သရက်စိုက်တောင်သူတဦးက ပြောပါတယ်။

ပြီးခဲ့တဲ့ရက်က တိုက်ခတ်ခဲ့တဲ့ မုန်တိုင်းကြောင့် အသီးတွေ မမှည့်ဘဲ ကြွေတဲ့အတွက် ကြွေတဲ့အသီးတွေကို ဈေးကွက်ကို တင်ပို့တဲ့အခါမှာ ဈေးဖြတ်ခံရပြီး အခုလို ဈေးကွက် အထိနာသွားတာဖြစ်တယ်လို့ အရှေ့မြောက်တံခါး သစ်သီးကုမ္ပဏီ တာဝန်ရှိသူက ပြောပါတယ်။

လက်ရှိမှာ မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်‌ကနေ တရုတ်ဝမ်တိန်ရောင်းကွင်းထဲကို နေ့စဥ် သရက်ကားအစီးရေ ဆယ်ဂဏန်းထိ ဝင်ရောက်နေတယ်လို့လည်း သိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013