DVB Logo
Home
မြန်မာသတင်း
ခမရ ၄၃၉ နှင့် တပ်မ ၆၆  တိုက်ခိုက်ခံရ၊ ဗိုလ် ၁ ဦးအပါအဝင် ၅ ဦး သေဆုံး
DVB
·
May 30, 2023
ခမရ ၄၃၉ နှင့် တပ်မ ၆၆  တိုက်ခိုက်ခံရ၊ ဗိုလ် ၁ ဦးအပါအဝင် ၅ ဦး သေဆုံး
Donate to DVB

ပဲခူးတိုင်း၊ ဖြူးမြို့နယ်၊ ကညွတ်ကွင်းမြို့ အရှေ့ဘက်က စစ်ကောင်စီတပ်ရင်း ခမရ-၄၃၉ ကို ပစ်ခတ်တိုက်ခိုက်ရာ ၄ ယောက် သေဆုံးခဲ့တယ်လို့ ဖြူးမြို့နယ် ပကဖက သိရပါတယ်။

မေ ၂၉ ရက် ညနေ ၄ နာရီက ဖြူးမြို့နယ် ပကဖက ဗုံးသီးတွေ၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ ဖြူးမြို့နယ် ပကဖ တာဝန်ရှိသူက ပြောပါတယ်။

ပစ်ခတ်တိုက်ခိုက်မှု အပြီးမှာတော့ တော်လှန်ရေးအဖွဲ့တွေ ဘေးမရှိ ဆုတ်ခွာနိုင်ခဲ့တယ်လို့လည်း ဆိုပါတယ်။

ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ်၊ သစ်ပုတ်ကျေးရွာအုပ်စု နွားသိုးတဲတိုက်အနီး ပဲခူးရိုးမပေါ်ကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ် အင်အား ၄၁ ဦးပါ စစ်ကြောင်းကိုလည်း မေ ၂၈ ရက် မွန်းလွဲ ၂ နာရီလောက်က ချုံခိုတိုက်ခိုက်ခဲ့ရာ တပ်မ ၆၆ က ဗိုလ်တယောက် ကျဆုံးခဲ့တယ်လို့ ပဲခူး PDF ဘက်က တာဝန်ရှိသူက ပြောပါတယ်။

အဆိုပါတိုက်ခိုက်မှုမှာ ပေါင်းတည်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PPDF  (ပြည်ခရိုင် PDF တပ်ရင်း ၃၆၀၁) က ချုံခိုတိုက်ခိုက်ခဲ့တာဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များမှ အထိအခိုက်အန္တရာယ်မရှိဘဲ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့တယ်လို့ ဆိုပါတယ်။ 

အခုချိန်က ကာကွယ်ရေးဘက်က အထိအခိုက်နည်းအောင် ပြောက်ကျားတိုက်ခိုက်ရေးအနေနဲ့ပဲ စစ်ဆင်ရေးကို ဖော်ဆောင်နေရတယ်လို့ ပဲခူးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် တာဝန်ရှိသူက ပြောပါတယ်။

ပဲခူးရိုးမဘက်ကို စစ်ကောင်စီဘက်က အင်အားဖြည့်တင်းပြီး စစ်ကြောင်းတွေထိုးနေတာကြောင့် တိုက်ပွဲက အချိန်မရွေး ထပ်ဖြစ်လာနိုင်ပြီး ဒေသခံတွေ အသွားအလာတွေ သတိပေးရှိကြဖို့ ပဲခူးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ပြောကြားထားပါတယ်။

ပဲခူးတိုင်းအတွင်း စစ်တပ်က ဒေသခံတွေကို ဖမ်းဆီးထောင်ချတာတွေလည်း ရှိတယ်လို့ ဒေသခံတဦးက ပြောပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013