DVB Logo
Home
မြန်မာသတင်း
ဖမ်းဆီးခံထားရသည့် ဘိုကလေးမြို့က CDM ဆရာမ မိသားစုနှင့်တွေ့ခွင့်မရ
DVB
·
May 30, 2023
ဖမ်းဆီးခံထားရသည့် ဘိုကလေးမြို့က CDM ဆရာမ မိသားစုနှင့်တွေ့ခွင့်မရ
Donate to DVB

ဧရာဝတီတိုင်း ဘိုကလေးမြို့မှာ CDM ကျောင်းဆရာမ တဦး အဖမ်းခံထားရပြီး တပတ်ကြာအထိ မိသားစုနဲ့ တွေ့ခွင့်မရသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။  

အမှတ် (၆) ရပ်ကွက် (၉) လမ်းမှာ နေထိုင်တဲ့ CDM ကျောင်းဆရာမ ဒေါ်သိမ့်သိမ့်စိုးကို CDM ဝန်ထမ်းတွေအား ထောက်ပံ့တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ မေ ၂၃ ရက်မှာ စစ်ကောင်စီတပ်က ဖမ်းဆီးသွားတာလို့ ဆိုပါတယ်။   

ဆရာမနဲ့နီးစပ်သူ ဒေသခံတဦးက "ဆရာမ နေတဲ့ ၆ ရပ်ကွက် ၉ လမ်းက နေအိမ်မှာ လာဖမ်းသွားတာ။ ဆရာမ ကလည်း CDM လုပ်ထားတဲ့အထဲမှာပါတယ်။ အခု အဖမ်းခံရတာက CDM ပြုလုပ်ထားတဲ့သူတွေကို ထောက်ပံ့တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ အဖမ်းခံရတာ။ တပတ်ပြည့်ပြီပေါ့၊ မိသားစု နဲ့ တွေ့ခွင့်မရသေးဘူး" လို့ ပြောပါတယ်။ 

ခင်ပွန်းဖြစ်သူအား စစ်ကောင်စီတပ်က တပတ်ခန့် ဖမ်းဆီးစစ်ဆေး ပြန်လည်လွှတ်ပေးပြီးနောက်မှာ CDM ဆရာမ ဒေါ်သိမ့်သိမ့်စိုးကို ဖမ်းဆီးခဲ့တာလို့ ဆိုပါတယ်။   

ပညာရေးဝန်ထမ်း လုပ်သက် ၈ နှစ်ခန့်ရှိပြီဖြစ်တဲ့ ဆရာမ ဒေါ်သိမ့်သိမ့်စိုးကို ဘိုကလေးမြို့မ ရဲစခန်းမှာ ဖမ်းဆီးစစ်ဆေးနေတာလို့ ဒေသခံတွေက ပြောပါတယ်။ 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013