DVB Logo
Home
မြန်မာသတင်း
မေလအတွင်း ထားဝယ်တွင် ကိုဗစ်ကြောင့် သေဆုံးသူ ၃ ဦးရှိလာ
DVB
·
May 30, 2023
မေလအတွင်း ထားဝယ်တွင် ကိုဗစ်ကြောင့် သေဆုံးသူ ၃ ဦးရှိလာ
Donate to DVB

တနင်္သာရီတိုင်း ထားဝယ်မြို့မှာ မေလအတွင်း ကိုဗစ်အတည်ပြု သေဆုံးလူနာ ၃ ဦးအထိ ရှိလာပြီဖြစ်လို့ တနင်္သာရီတိုင်း ကျန်းမာရေးဦးစီးဌာနနဲ့ နာရေးကူညီမှု - ထားဝယ် ထံကနေ သိရပါတယ်။

ပြီးခဲ့တဲ့ မေ ၂၇ ရက်က ထားဝယ်မြို့ ချမ်းမြေ့ဆေးခန်းမှတဆင့် ထားဝယ်ဆေးရုံကြီးကို ပြောင်းရွှေ့ကုသနေတဲ့ ကနိုင်းဒါကျေးရွာမှ အသက် ၇၀ အရွယ် ကိုဗစ်အတည်ပြုလူနာ အမျိုးသမီးကြီးတဦး ထားဝယ်ဆေးရုံမှာ ကွယ်လွန်ခဲ့ပါတယ်။ 

မေ ၁၆ ရက်နဲ့ ၂၅ ရက်တွေမှာလည်း အသက် ၆၀ ဝန်းကျင် ကိုဗစ်အတည်ပြုလူနာ အမျိုးသမီးတဦး နဲ့ အသက် ၇၀ ကျော် ကိုဗစ်အတည်ပြုလူနာ အမျိုးသားကြီးတဦး စုစုပေါင်း ၂ ဦး ထားဝယ်ဆေးရုံကြီးမှာပဲ ကွယ်လွန်ခဲ့ပါတယ်။

သေဆုံးသူ ကိုဗစ်အတည်ပြုလူနာ ၃ ဦးစလုံးဟာ အခြားရောဂါအခံများကြောင့် ပုဂ္ဂလိကဆေးရုံနဲ့ ဆေးခန်းတွေမှာ တက်ရောက်ကုသနေရင်း ကိုဗစ်အတည်ပြုလက္ခဏာ တွေ့ရှိတာကြောင့် ထားဝယ်ဆေးရုံကြီးမှာ ပြောင်းရွှေ့ကုသနေစဉ် ကွယ်လွန်သွားတာဖြစ်ပါတယ်။

သုံးဦးစလုံးရဲ့ ဈာပနကို ထားဝယ်-ဇဟာ ဘာသာပေါင်းစုံသုသာန်မှာ နာရေးကူညီမှု-ထားဝယ်က ပြုလုပ်ပေးခဲ့ပြီး မေ ၂၈ ရက်နေ့အထိစာရင်းအရ ကိုဗစ်နာရေးသီးသန့် ၆၀၄ ခုရှိပြီလို့ သိရပါတယ်။

ဧပြီ ၁၅ ရက်ကစပြီး ထားဝယ်မှာ တကျော့ပြန်ကိုဗစ်ကူးစက်မှု ပြန်တွေ့ရှိခဲ့ပြီးနောက် မေ ၂၆ ရက်ကစပြီး သုံးရက်ဆက်တိုက် ကိုဗစ်အတည်ပြုလူနာ စစ်ဆေးတွေ့ရှိခြင်း မရှိခဲ့ကြောင်း တနင်္သာရီတိုင်း ကျန်းမာရေးဦးစီးဌာနရဲ့ ထုတ်ပြန်ချက်မှတ်တမ်းမှာ ဖော်ပြထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013