DVB Logo
Home
မြန်မာသတင်း
ရသေ့တောင်တွင် မိုခါမုန်တိုင်းသင့်ကျေးရွာများ ပြန်လည်ထူထောင်ရေး မလုပ်နိုင်သေး
DVB
·
May 30, 2023
ရသေ့တောင်တွင် မိုခါမုန်တိုင်းသင့်ကျေးရွာများ ပြန်လည်ထူထောင်ရေး မလုပ်နိုင်သေး
Donate to DVB

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ နဂါးမောက်ကျေးရွာအုပ်စုမှာ မေ ၁၄ ရက်နေ့က မိုခါ ဆိုင်ကလုန်းမုန်တိုင်း ပြင်းပြင်းထန်ထန်တိုက်ခတ်ခဲ့လို့ နေအိမ် ၉၀ ရာခိုင်နှုန်းလောက် ထိခိုက်ပျက်စီးကာ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေ မစတင်နိုင်သေးဘဲ စားဝတ်နေရေး အခက်အခဲကြုံနေကြရတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

နဂါးမောက်ကျေးရွာအုပ်စုမှာ အိမ်ခြေ ၄၀၀ ကျော်ရှိပြီး မိုခါဆိုင်ကလုန်းမုန်တိုင်းကြောင့် နေအိမ် အားလုံးနီးပါး ထိခိုက်ပျက်စီးကာ ငွေကြေးအဆင်မပြေမှုတွေရှိတဲ့အပြင် ကူညီကယ်ဆယ်ရေး အဖွဲ့တွေလည်း လုံးဝရောက်မလာသေးလို့ ပြည်လည်ထူထောင်ရေးလုပ်ငန်းတွေလည်း မစတင်နိုင်သေးသလို စားဝတ်နေရေး အခက်ခဲတွေနဲ့ ရင်ဆိုင်ကြုံတွေ့နေကြရတယ်လို့ နဂါးမောက်ကျေးရွာဒေသခံတဦးဖြစ်တဲ့ ကိုစံသိန်းမောင်က ဒီဗွီဘီကို ပြောပါတယ်။

“ကျနော်တို့ရွာကိုက ရေလမ်းခရီးနဲ့ပဲ သွားလာရတာဖြစ်လို့ လမ်းပန်းဆက်သွယ်ရေး အခက်အခဲကြောင့် ဒီနေ့အချိန်ထိ ဘယ်ပရဟိတအဖွဲ့မှ ရောက်မလာကြသေးဘူး။ မြို့နယ် ထွေအုပ်ဘက်ကလည်း တခြားကျေးရွာတွေကို ထောက်ပံ့ပေးတယ်လို့ ကြားပေမဲ့ ကျနော်တို့ ရွာကို ရေသန့်ဘူး တဘူးမရောက်သေးဘူး။”

မုန်တိုင်းနဲ့အတူ ဒီရေတွေ မြင့်တက်ခဲ့လို့ သောက်သုံးရေကန်တွေကို ဆားငန်ရေတွေ ဝင်ရောက်ပြီး လယ်မြေတွေ၊ ပုစွန်ကန်တွေလည်း ဒီရေ ဝင်ရောက်လို့ ပျက်စီးဆုံးရှုံးခဲ့တယ်လို့ ကိုစံသိန်းမောင်က ပြောပါတယ်။

နေအိမ်တွေ ပြန်လည်တည်ဆောက်နိုင်ဖို့ကလည်း ဓနိခင်းတွေ ပျက်စီးသွားတာကြောင့် ဓနိဈေးနှုန်းတွေ၊ မိုးကာ၊ သွပ်စျေးနှုန်းတွေ မြင့်တက်နေလို့ အကျပ်အတည်းတွေနဲ့ ရင်ဆိုင် ကြုံတွေ့နေကြရတယ်လို့ ဆိုပါတယ်။

ရခိုင်ပြည်နယ်အတွင်းမှာ မုန်တိုင်းဒဏ်သင့် ပြည်သူတွေကို အကူညီပေးမယ့် အဖွဲ့တွေကို စစ်ကောင်စီက တားဆီးစစ်ဆေးတာတွေ ပြုလုပ်နေလို့ ကျေးလက်ဒေသတွေကို ကူညီကယ်ဆယ်ရေးတွေ အချိန်မီ မရောက်လာတာကြောင့် ဒေသခံပြည်သူတွေ အခက်အခဲ ဒုက္ခမျိုးစုံနဲ့ ရင်ဆိုင်ကြုံတွေ့နေကြရတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013