
အီရန်နိုင်ငံတဝန်းက ကျောင်းတွေနဲ့ တက္ကသိုလ်တွေကို အခုသီတင်းပတ်အတွင်း ပြန်ဖွင့်သွားမယ်လို့ အီရန် ပြည်ထဲရေးဝန်ကြီးဌာနက စနေနေ့မှာ ကြေညာချက်ထုတ်ပြန်ပါတယ်။
ဒါ့အပြင် စစ်ပွဲအပြီး ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေကို အထောက်အပံ့ပေးရေး၊ အမျိုးသားစည်းလုံးညီညွတ်မှုကို ခိုင်မာအားကောင်းစေရေးနဲ့ မရှိမဖြစ်လိုတဲ့ ကုန်ပစ္စည်းတွေကို ပံ့ပိုးပေးနိုင်ရေး သေချာစေမဲ့ အစီအစဉ်တွေလည်း ပါတယ်လို့ ဖော်ပြထားပါတယ်။
တီဟီရန်မြို့တော်မှာ လုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြည်ထဲရေးဝန်ကြီးဌာနရဲ့ နိုင်ငံရေးဆိုင်ရာ ဒုဝန်ကြီးနဲ့ ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ အလီဇေနိုက်ဗန်က အမေရိကန်နဲ့ အီရန်တို့အကြား မကြာသေးမီက ဖြစ်ခဲ့တဲ့ ပဋိပက္ခရဲ့ နောက်ဆက်တွဲအခြေအနေတွေကို အီရန်နိုင်ငံက ရင်ဆိုင်နေရချိန်မှာ အမျိုးသားစည်းလုံးညီညွတ်မှု ထိန်းသိမ်းရေးက ဝန်ကြီးဌာနရဲ့ အဓိကဦးစားပေး လုပ်ငန်းစဉ်တွေထဲမှာ ဆက်ပါဝင်နေတယ်လို့လည်း သူက အလေးပေးပြော ပါတယ်။
အီရန်နိုင်ငံအနေနဲ့ ရှုပ်ထွေးနက်နဲတဲ့ စစ်ပွဲပုံစံမျိုးကို ရင်ဆိုင်နေရတယ်လို့ သူက ဝန်ခံပြောဆိုခဲ့ပေမဲ့ အီရန်အစိုးရအနေနဲ့ ပဋိပက္ခကို အဆုံးသတ်ရေး သံတမန်ရေးရာ နည်းလမ်းကိုသာ ဆက်မြင်ထားတုန်းပဲလို့လည်း ပြောပါတယ်။
မရှိမဖြစ်လိုတဲ့ ကုန်ပစ္စည်းတွေ ထောက်ပံ့ဖြန့်ဖြူးရေးနဲ့ ပတ်သက်ပြီး ဇေနိုက်ဗန်ဒ်က အီရန်နိုင်ငံအတွင်း ကုန်ဈေးနှုန်းတွေ မြင့်တက်လာပေမဲ့ ကုန်ပစ္စည်းအလုံအလောက် ရှိနေဆဲဖြစ်ပြီး အကြီးအကျယ် ကုန်ပစ္စည်းပြတ်လပ်တာမျိုး မရှိဘူးလို့ ပြောပါတယ်။
အီရန်နိုင်ငံဟာ သူ့ရဲ့ စွမ်းဆောင်ရည်တွေ၊ ကုန်းမြေနဲ့ ရေပြင်နယ်နိမိတ်တွေနဲ့အတူ ပိတ်ဆို့ခံထားရမဲ့ နိုင်ငံမျိုး မဟုတ်ဘူးလို့ သူက သတင်းစာရှင်းလင်းပွဲအပြီးမှာ CGTN သတင်းဌာနကို ပြောပါတယ်။
နိုင်ငံတဝန်းမှာ အိမ်ပေါင်း ၇၅,၀၀၀ လောက် ပျက်စီးခဲ့ရပြီး အစိုးရအနေနဲ့ ပြန်လည်ထူထောင်ရေး လုပ်ငန်းတွေကို အနီးကပ် စောင့်ကြည့်နေတယ်လို့လည်း ပြောပါတယ်။
Source: Reuters











