DVB Logo
Home
မြန်မာသတင်း
ပြည်သူ့ကာကွယ်ရေးကဏ္ဍ အခြေပြစာတမ်း NUG ထုတ်ပြန်
DVB
·
May 30, 2023
ပြည်သူ့ကာကွယ်ရေးကဏ္ဍ အခြေပြစာတမ်း NUG ထုတ်ပြန်
Donate to DVB

အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ကာကွယ်ရေးဝန်ကြီးဌာနက ပြည်သူ့ကာကွယ်ရေးကဏ္ဍ အခြေပြစာတမ်း (State of People’s Defense) ကို ပြည်သူလူထုဆီ အစီရင်ခံ ထုတ်ပြန်လိုက်ပါတယ်။

ဒီစာတမ်းကိုတော့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ဖွဲ့စည်းတည်ထောင်ခြင်း ၂ နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ထုတ်ဝေတာလို့ ဆိုပါတယ်။

PDF တပ်မတော်အနေနဲ့ ကမ္ဘာ့ဒီမိုကရေစီနိုင်ငံကြီးတွေက တပ်မတော်တွေလို နိုင်ငံရေး ကင်းရှင်းရမှာဖြစ်ပေမယ့် မိမိတို့နိုင်ငံရဲ့ နိုင်ငံရေးသမိုင်းကို မှန်ကန်စွာ သိရှိနားလည်ဖို့ လိုအပ်ကြောင်းနဲ့ အဲဒီလို သိရှိနားလည်မှသာ လက်ရှိပြည်သူ့ တော်လှန်ရေးကြီးနဲ့ ခုခံတွန်းလှန်စစ်ကို ဆင်နွှဲနေရတဲ့ အကြောင်းရင်းတွေကို ကျေလည်စွာ နားလည်သဘောပေါက်ကြမှာ ဖြစ်တယ်လို့လည်း ဖော်ပြပါတယ်။

ပြည်သူ့ကာကွယ်ရေးကဏ္ဍ အခြေပြစာတမ်း (State of People’s Defense) မာတိကာမှာတော့ NUG အစိုးရ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးရဲ့ ဥယျောဇဉ်နဲ့အတူ မြန်မာ့နိုင်ငံရေးပြဿနာနှင့် ကျွန်ုပ်တို့၏ မျှော်ရည်ချက်၊ ၂၀၂၁ ခုနှစ်မှာ စစ်တပ်က ဘာကြောင့် အာဏာသိမ်းသလဲ၊ ပြည်သူ့နွေဦးတော်လှန်ရေး၊ ခုခံတွန်းလှန်စစ် (လက်နက်ကိုင်တိုက်ပွဲ) နည်းနာကို ဘာကြောင့်   ရွေးချယ်ခဲ့ရသလဲ၊  ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊ ပြည်သူ့တော်လှန်ရေး၏ လက်ရှိအခြေအနေ၊ လိုအပ်ချက်နှင့် အလားအလာ စတဲ့ အခန်း ၆ ခန်းနဲ့အတူ တော်လှန်ရေး ၂ နှစ်တာ ကာလအတွင်း နယ်မြေစိုးမိုးမှု အခြေပြမြေပုံတွေနဲ့အတူ ဖတ်ရှုလေ့လာနိုင်မှာ ဖြစ်ပါတယ်။

စာတမ်းအပြည့်အစုံကိုတော့ NUG အစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနရဲ့ တရားဝင် ဝက်ဘ်ဆိုက်ဒ် စာမျက်နှာပေါ်ကတဆင့် တိုက်ရိုက်သွားရောက်ဖတ်ရှုနိုင်မယ်လို့ ဆိုပါတယ်။

 ပြည်သူ့ကာကွယ် ရေးကဏ္ဍ အခြေပြစာတမ်း (State of People’s Defense) ဖတ်ရှုရန် လင့်ခ်-

https://mod.nugmyanmar.org/en/%E1%80%80%E1%80%AC%E1%80%80%E1%80%BD%E1%80%9A%E1%80%BA%E1%80%9B%E1%80%B1%E1%80%B8%E1%80%80%E1%80%8F%E1%80%B9%E1%80%8D-%E1%80%A1%E1%80%81%E1%80%BC%E1%80%B1%E1%80%95%E1%80%BC/?fbclid=IwAR3xRPoaRSqQShTktc8CyXOw75lumFLcDvvp3RH0RM3TN9s9eereGCEysOk
Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013