DVB Logo
Home
မြန်မာသတင်း
အက်တမ် (ATOM)  ဖုန်းအော်ပရေတာကို စစ်ကိုင်း PDF သတိပေး
DVB
·
May 29, 2023
အက်တမ် (ATOM)  ဖုန်းအော်ပရေတာကို စစ်ကိုင်း PDF သတိပေး
Donate to DVB

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်ရှိ အက်တမ် (ATOM) (ယခင် တယ်လီနော ဖုန်းအော်ပရေတာ)ဟာ  မိုင်တဲ (Mytel) တာဝါတိုင်တွေကို ပြုလုပ်သလို ပြုလုပ်အရေးယူသွားမယ်လို့ မေလ ၂၈ ရက်နေ့ နေ့စွဲနဲ့ သတိပေးထုတ်ပြန်ပါတယ်။

စစ်ကောင်စီအလိုကျ ဖုန်ဆင်းကတ်မှတ်ပုံတင်ဖို့ အသိပေးစာ(Message)ပေးပို့ကာ မှတ်ပုံမတင်ရင် ဖုန်းခေါ်ဆိုမှု အဝင်ကော အထွက်ပါပိတ်မယ်လို့ ခြိမ်းခြောက်နေတာကြောင့် မိုင်တဲ(Mytel) တာဝါတိုင်တွေကို ဖျက်ဆီးခဲ့သလို အက်တမ် (ATOM) ရဲ့ တာဝါတိုင်တွေကိုလည်း လုပ်သွားမယ်လို့  PDF  က မေလ ၂၈ ရက် နေ့စွဲနဲ့ သတိပေးထုတ်ပြန် ပြောပါတယ်။

ဗိုလ်ယက္ခ စစ်ကိုင်းခရိုင် စစ်ကိုင်းမြို့ ရင်း ၁ မှူး- တပ်ရင်း-၁ က  “ဆင်းမ်ကတ် တန်ဖိုးက ၁၅၀၀၊ ၅၀၀၀ ပဲတန်တာ တာဝါတိုင်က သိန်း ၅၀၀၀ နဲ့ ၁၀၀၀၀ ကြား တန်ဖိုးရှိတယ်လို့ သိရတယ်။ ဆင်းကတ် မှတ်ပုံမတင်တဲ့အတွက် ဖုန်းလိုင်းဖြတ်မယ်ဆိုရင် မိုင်တဲ တာဝါတိုင်တွေကို လုပ်သလို ပြုလုပ်မယ်” လို့ ပြောပါတယ်။

ဆင်းမ်ကတ် တကတ် တန်ဖိုးနဲ့ တာဝါတိုင်တန်ဖိုး ချင့်ချိန်ပြီး အဝင်ကောပိတ်တာ၊ အထွက်ကောပိတ်တာမျိုး မပြုလုပ်ဘဲ ဖုန်းလိုင်း မပြတ်တောက်စေဖို့ တာဝန်ယူဆောင်ရွက်ရမယ် ဖုန်းလိုင်းဖြတ်တောက်ခဲ့ရင် တာဝါတိုင်တွေနဲ့ နယ်ရုံးခွဲတွေကို ထိုက်သင့်သလို အရေးယူ ဆောင်ရွက်မယ်လို့ သတိပေးစာမှာ ရေးသားဖေါ်ပြထားပါတယ် ။

“အော်ရီဒူးလည်း အဲ့ဒီအတိုင်းပဲ ဆင်းကတ်မှတ်ပုံတင်ဖို့ ခဏခဏ မက်ဆေ့(Message)ပို့တယ် ဘယ်နှရက်ပဲ ကျန်တော့တယ်။ အခုက အရင်က မှတ်ပုံတင်ထားတဲ့ကတ်ပါ ပြန်တင်ခိုင်းနေတာ အော်ပရေတာတွေ အကုန်လုံး စကစ အလိုကျလိုက်လုပ်နေတာ သုံးစွဲသူ ပြည်သူတွေကို ခြိမ်းခြောက်အနိုင်ကျင့်နေတာ အင်တာနက်လိုင်း ဖုန်းလိုင်း ဖွင့်လိုက် ပိတ်လိုက်နဲ့ အွန်လိုင်းနဲ့ အလုပ်လုပ်ရတဲ့ ငွေလွှဲငွေထုက် တအားခက်အခဲဖြစ်တယ် အမ်ပီတီလည်း အဲ့ဒီအတိုင်းပဲ” လို့ သုံးစွဲသူပြည်သူတစ်ဦးက ပြောပါတယ်။

စစ်တပ်က အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံအတွင်းရှိ ဒေသတချို့ ယနေ့အချိန်ထိ ဖုန်းလိုင်း အင်တာနက်လိုင်းတွေ ဖြတ်တောက်ကာ ပိတ်ထားဆဲဖြစ်တယ်လို့ စစ်ကိုင်းတိုင်းအတွင်းရှိ ဒေသတွင်း တော်လှန်ရေးအဖွဲ့‌တွေက ဆိုပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013