DVB Logo
Home
မြန်မာသတင်း
တယ်လီနောရုံးချုပ်ကို နော်ဝေရဲတပ်ဖွဲ့ ဝင်ရောက်စီးနင်းပြီး တရားစွဲ
DVB
·
September 16, 2026
Photo: Reuters
Photo: Reuters
Donate to DVB

မြန်မာနိုင်ငံအတွင်း စစ်အုပ်စုရဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေမှာ ပူးပေါင်းပါဝင်မှုနဲ့ နော်ဝေအခြေစိုက် တယ်လီနောရုံးချုပ်ကို စက်တင်ဘာ ၁၅ ရက်မှာ နော်ဝေရဲတပ်ဖွဲ့ က ဝင်ရောက်ရှာဖွေစီးနင်းခဲ့ပါတယ်။

တယ်လီနောဟာ မြန်မာစစ်အုပ်စုဆီကို သုံးစွဲသူပြည်သူတွေရဲ့ ဖုန်းအင်တာနက် အချက်အလက်ဒေတာတွေကို စနစ်တကျ လွှဲပြောင်းပေးခဲ့တာကြောင့် အရပ်သားတွေအပေါ် ကျူးလွန်တဲ့ စစ်ရာဇဝတ်မှုတွေကို ကျူးလွန်မှုမှာ ကူညီခဲ့တဲ့အပြင် နော်ဝေအစိုးရက ဒဏ်ခတ်ပိတ်ဆို့ထားတဲ့ ကြားဖြတ်စောင့်ကြည့်ရေး စက်ပစ္စည်း (Lawful Interception Gateway - LIG) ကုမ္ပဏီလုပ်ငန်းတွေကို လွှဲပြောင်းရောင်းချခဲ့တာကြောင့် နော်ဝေနိုင်ငံရဲ့ ဒဏ်ခတ်ပိတ်ဆို့မှုဥပဒေ (Myanmarforskriften) ကို ချိုးဖောက်မှုနဲ့ တရားစွဲဆိုလိုက်တာ ဖြစ်ပါတယ်။

နော်ဝေရဲတပ်ဖွဲ့ (Kripos) နဲ့ နော်ဝေလုံခြုံရေးရဲတပ်ဖွဲ့ (PST) တို့က တယ်လီနော (Telenor ASA) ကို သီးခြား အမှုဖွင့် စုံစမ်းစစ်ဆေးနေပြီး စွဲချက်နှစ်ခုလုံးနဲ့ အရေးယူထားပြီ ဖြစ်ကြောင်းလည်း ထုတ်ပြန်ထားပါတယ်။

တယ်လီနောရဲ့ မြန်မာနိုင်ငံအတွင်းက ချိုးဖောက်မှုတွေကို ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် ဒီဇင်ဘာမှာ Justice For Myanmar (JFM) နဲ့ ICJ Norway တို့က နော်ဝေရဲတပ်ဖွဲ့ဆီကို သက်သေအထောက်အထားတွေနဲ့ တိုင်ကြားခဲ့တာလည်း ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013