DVB Logo
Home
မြန်မာသတင်း
မိုခါမုန်တိုင်းသင့်ပြည်သူများအတွက် ပုပ်ရဟန်းမင်းကြီး ဖရန့်စစ် ဆုတောင်းပေး
DVB
·
May 29, 2023
မိုခါမုန်တိုင်းသင့်ပြည်သူများအတွက် ပုပ်ရဟန်းမင်းကြီး ဖရန့်စစ် ဆုတောင်းပေး
Donate to DVB

မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံနယ်စပ်ကို ဖြတ်သန်းတိုက်ခဲ့တဲ အင်အားအလွန်ပြင်းတဲ့ မိုခါ ဆိုင်ကလုန်းမုန်တိုင်းဒဏ်သင့် ပြည်သူတွေအတွက်  ပုပ်ရဟန်းမင်းကြီး ဖရန့်စစ်က မေလ ၂၈ ရက် တနင်္ဂနွေနေ့မှာ ဆုတောင်းပေးခဲ့တယ်လို့ ဗာတီကန်က သတင်းထုတ်ပြန်ပါတယ်။

အန္တရာယ်များလှတဲ့ အခြေအနေအောက်မှာ နေထိုင်နေရတဲ့ ရိုဟင်ဂျာတွေအပြင်  မုန်တိုင်းသင့်ဒေသက လူဦးရေ ၈ သိန်းကျော်လောက်အတွက် လူသားချင်စာနာမှု အကူအညီပေးအပ်မှုတွေ လွယ်ကူချောမွေ့စေဖို့အတွက် ပုပ်ရဟန်းမင်းကြီးက တာဝန်ရှိသူတွေကို တောင်းဆိုလိုက်ပါတယ်။

“ကျနော်တို့ ညီအစ်ကို၊ မောင်နှမတွေအတွက် ဒေသနာတော်ကျမ်းစာအရ စည်းလုံးညီညွတ်မှုကို ပြသဖို့နဲ့ လူသားဆန်ကြဖို့ကို မေတ္တာရပ်ခံလိုပါတယ်”လို့ ပုပ်ရဟန်းမင်းကြီးက ပြောကြားသွားတာပါ။ 

မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်နယ်စပ်မှာနေထိုင်တဲ့ ဆိုင်ကလုန်းဘေးဒဏ် ပြင်းပြင်းထန်ထန် ခံလိုက်ရတဲ့ ပြည်သူတွေအတွက် ဆုတောင်းပေးဖို့လည်း ပုပ်ရဟန်းမင်းကြီးက ဖိတ်ခေါ်လိုက်ပါတယ်။

မေလ ၁၄ ရက်က မြန်မာနိုင်ငံ ရခိုင်ပြည်နယ် ကျောက်ဖြူနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဇ်ဘဇား အကြား စစ်တွေမြို့နယ်ကို ဦးတည် ဖြတ်တိုက်သွားတဲ့ အင်အားအလွန်ပြင်းတဲ့ မိုခါဆိုင်ကလုန်း မုန်တိုင်းကြောင့် မြန်မာနိုင်ငံမှာ လူပေါင်း ၅ ဒသမ ၄ သန်းလောက် ထိခိုက်ခဲ့ရပြီး လူပေါင်း ၃ ဒသမ ၂ သန်း လူသားချင်းစာနာမှုအကူအညီတွေ လိုအပ်နေတယ်လို့ UNOCHA က ထုတ်ပြန်ပါတယ်။

မြန်မာနိုင်ငံမှာ မုန်တိုင်းကြောင့် သေဆုံး ၁၄၈ ဦး၊ ဒဏ်ရာရ   ၁၃၂ ဦး၊  တိရစ္ဆာန်ပေါင်း ၃၈၄၅၅၂ ကောင်သေဆုံးခဲ့ပြီး နေအိမ် ၂၆၂၄၆၆ လုံး၊ စာသင်ကျောင်း ၁၈၃၅ လုံး၊ ဘာသာရေး အဆောက်အဦ ၃၅၃၈ လုံး၊ ဆေးရုံ/ဆေးခန်း ၄၈၇ ခု၊ တာဝါတိုင် ၁၄ တိုင်နဲ့ ဓာတ်တိုင် ၈၄၈၈ တိုင် ပျက်စီးသွားတယ်လို့ စစ်ကောင်စီက ထုတ်ပြန်ထားပါတယ်။

ဘင်္ဂလားဒေ့ရှ်မှာတော့ လူပေါင်း ၂ ဒသမ ၃ သန်းလောက် မုန်တိုင်းဘေးသင့်ခဲ့ပြီး လူနေအိမ်ပေါင်း ၁၂၀၀၀ လောက် ပျက်စီးသွားပြီး အများစုက ဒုက္ခသည်စခန်းမှာ နေထိုင်နေကြတဲ့ ရိုဟင်ဂျာတွေရဲ့ နေအိမ်တွေ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013