DVB Logo
Home
မြန်မာသတင်း
ကလေးများနှင့် မိုခါမုန်တိုင်းသင့်ပြည်သူများကို ကူညီရန် ဒေါ်လာ ၂၁၈ သန်းလိုအပ်
DVB
·
June 12, 2023
ကလေးများနှင့် မိုခါမုန်တိုင်းသင့်ပြည်သူများကို ကူညီရန် ဒေါ်လာ ၂၁၈ သန်းလိုအပ်
1 / 2
Donate to DVB

ကလေးသူငယ်တွေ အပါအဝင် အင်အားပြင်း မိုခါဆိုင်ကလုန်းမုန်တိုင်းသင့်သူတွေကို ကူညီနိုင်ဖို့ အမေရိကန်ဒေါ်လာ ၂၁၈ သန်းနီးပါး လိုအပ်နေတယ်လို့ ကုလသမဂ္ဂ ကလေးများ ရန်ပုံငွေအဖွဲ့ (ယူနီဆက်ဖ်) က ပြောပါတယ်။

မေ ၁၄ ရက်က မြန်မာနိုင်ငံကို ဝင်ရောက်ခဲ့တဲ့ မိုခါ ဆိုင်ကလုန်းမုန်တိုင်း ရိုက်ခတ်မှုကြောင့် ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်၊ မကွေးတိုင်း၊ စစ်ကိုင်းတိုင်းနဲ့ ကချင် ပြည်နယ်တို့မှာတော့ နေအိမ်အဆောက်အအုံတွေ၊ ကျောင်းတွေ၊ ဆေးရုံတွေအပါအဝင် လယ်ယာမြေတွေနဲ့ တိရစ္ဆာန်တွေ ထိခိုက်ပျက်စီးဆုံးရှုံးပြီးနောက် ခန့်မှန်းခြေလူဦးရေ ၃ ဒသမ ၄ သန်းလောက်ဟာ အရေးပေါ် အကူအညီတွေ အပြင်းအထန် လိုအပ်နေတာပါ။

မုန်တိုင်းသင့်ဒေသက ကလေးသူငယ်တွေနဲ့ သူတို့ရဲ့ မိသားစုဝင်တွေအနေနဲ့ကတော့ ကျန်းမာရေးစောင့်ရှောက်မှုအကာအကွယ်၊ အာဟာရ၊ သောက်သုံးရေ၊ တကိုယ်ရေကျန်း မာရေးနဲ့ ပညာရေးစတဲ့ မရှိမဖြစ်လိုအပ်တဲ့ ၀န်ဆောင်မှုတွေဆီ ရောက်ရှိလက်လှမ်းမီနိုင်ဖို့ အကန့်အသတ်တွေ ရှိနေဆဲဖြစ်ပြီးတော့ အပြန်အလှန်ဆက်နွယ်နေတဲ့ စိန်ခေါ်မှု တွေက ကလေးတွေရဲ့ ရှင်သန်မှု၊ ဖွံ့ဖြိုးတိုးတက်မှု၊ ဘေးကင်းမှုနဲ့ ကျန်းမာရေးစတာတွေကို ခြိမ်းခြောက်နေတယ်လို့လည်း ယူနီဆက်ဖ်မြန်မာ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ယူနီဆက်ဖ်မြန်မာရဲ့ လူသားချင်းစာနာမှုဆိုင်ရာ မဟာဗျူဟာကတော့ လူမှုအသိုက်အဝန်းတွေနဲ့ ပြည်တွင်းပြည်ပ မိတ်ဖက်အဖွဲ့အစည်းတွေ အပါအဝင် သက်ဆိုင်သူ အားလုံးနဲ့ လက်တွဲပြီး အသက်ကယ်လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေ ပေးအပ်ဖို့နဲ့ လိုအပ်နေတဲ့ ကလေးသူငယ်တွေဆီ ဝန်ဆောင်မှုတွေကို ရောက်ရှိနိုင်ဖို့ သေချာစေရေးကို အဓိကထားလုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။

NUG အစိုးရကတော့ မုန်တိုင်းအရေးပေါ်တုံ့ပြန်ရေး ရန်ပုံငွေ ကန်ဒေါ်လာ ၁ သန်း ပံ့ပိုးသွားမယ်လို့ ကနဦးထုတ်ပြန်ထားကာ မုန်တိုင်းကြောင့် ထိခိုက်ဆုံးရှုံးမှု အများ ဆုံးဖြစ်ပေါ်ခဲ့တဲ့ ဒေသတွေဖြစ်တဲ့ ရခိုင်၊ စစ်ကိုင်း၊ မကွေးနဲ့ ချင်း စတဲ့ တိုင်းနဲ့ ပြည်နယ်တွေကို ထောက်ပံ့ကူညီမှုတွေ အရေးပေါ်လုပ်ဆောင်ဖို့ လိုအပ်နေတယ်လို့ ပြော ထားပါတယ်။

ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ပူးပေါင်းညှိနှိုင်းရေးမှူးရုံး (UNOCHA) မြန်မာကတော့ မိုခါမုန်တိုင်းဒဏ်ခံခဲ့ရတဲ့ မြန်မာပြည်သူတွေကို ကူညီနိုင်ဖို့အတွက် လူသားချင်း စာနာမှုဆိုင်ရာ မိတ်ဖက်အဖွဲ့အစည်းတွေအနေနဲ့ အမေရိကန်ဒေါ်လာ ၃၃၃ သန်း အရေးပေါ်ရန်ပုံငွေ လိုအပ်နေတယ်လို့ ထုတ်ပြန်ထားပါတယ်။

လတ်တလော ရခိုင်ပြည်နယ်ထဲမှာတော့ နိုင်ငံတကာနဲ့ အရပ်ဘက်အဖွဲ့တွေ အပါအဝင် လူမှုကူညီကယ်ဆယ်ရေးအဖွဲ့တွေ အားလုံးကို သွားလာကူညီခွင့်တွေ စစ်ကောင်စီ ဘက်က ပိတ်ပင်ထားတယ်လို့ ဒေသတွင်း ကူညီရေးအဖွဲ့တွေဆီက သိရပါတယ်။

ရခိုင်ပြည်နယ်မှာတော့ မိုခါမုန်တိုင်းကြောင့် သေဆုံးသူ ၁၄၆ ယောက်နဲ့ ဒဏ်ရာရရှိသူ ၁၀ ယောက်၊ ပျောက်ဆုံးသူ ၃ ယောက်ရှိခဲ့ပြီး လူ ၁ ဒသမ ၂ သန်းကျော် ထိခိုက်ခဲ့ကာ အကူအညီ လိုအပ်နေတယ်လို့ ရက္ခိုင့်တပ်တော် (အေအေ) က ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013