DVB Logo
Home
မြန်မာသတင်း
 အပူချိန်ပြင်းသဖြင့်  ပြည်မြို့တွင် အမျိုးသား ၁ ဦး သေဆုံး
DVB
·
May 29, 2023
 အပူချိန်ပြင်းသဖြင့်  ပြည်မြို့တွင် အမျိုးသား ၁ ဦး သေဆုံး
Donate to DVB

ပဲခူး‌တိုင်းအနောက်ခြမ်း ပြည်မြို့၊ နဝင်းချောင်းနားတန်းရပ်ကွက်၊ အလယ်တန်းကျောင်း အနောက်ဘက်လယ်ကွင်းမှာ မေ ၂၈ ရက် ညနေ ၄ နာရီက အပူချိန်ပြင်းထန်လို့ အမျိုးသား တယောက် သေဆုံးခဲ့တယ်လို့ မြို့ခံတွေက ပြောပါတယ်။

နဝင်းရပ်ကွက်နေသူ တဦးက "အခုရက်ထဲ အပူချိန်က ပြန်တက်နေတယ်။ နေ့ဘက်ဆို နေရထိုင်ရတာ လူငယ်လူလတ်ပိုင်းတွေတောင် အရိပ်ရပြီး အေးတဲ့နေရာလေးတွေ ရှာကျန်နေရတာ။ အဲ့ဒီအကိုက အရက်သောက်ထားတော့ ပိုဆိုးတာပေါ့"လို့ ပြောပါတယ်။ 

မနေ့က ပြည်မြို့ရဲ့အပူချိန်ဟာ ၄၀ ဒီဂရီအထက်ရှိခဲ့ပြီး အပူရှိန်မြင့်တဲ့ နေ့လည်ပိုင်းအချိန် ရေ အနည်းငယ်ရှိတဲ့ လယ်ကွင်းထဲ ဆင်းမိတဲ့အတွက် အခုလို အပူရှပ်ပြီး သေဆုံးခဲ့တာလို့ သိရပါတယ်။

ပြည်မြို့နေ ဆရာဝန် တဦးက "အရက်သောက်ထားတာနဲ့လည်းဆိုင်တာပေါ့။ အပူရှိန်မြင့်နေတဲ့ အချိန် ရေထဲဆင်းတာက ပိုဆိုးတယ်။ လယ်ထဲဆင်းရတဲ့သူဆိုရင်တော့ နေကျချိန်ကျလောက်ဆင်းမှ အဲဒီလိုမှ မဟုတ်ရင် အပူရှပ်သေဆုံးတာမျိုး ဖြစ်တတ်ပါတယ်"လို့ ပြောပါတယ်။ 

အပူရှပ်သေဆုံးသူ အသက် ၅၀ ရှိ ဦးတင်ဝင်းနိုင်ရဲ့ အလောင်းကို ပြည်မြို့ ကုတင်-၅၀၀ ဆေးရုံ ရင်ခွဲရုံသို့ ပရဟိတပါရမီ လူမှုကယ်ဆယ်ရေးအသင်းနဲ့ ခေတ္တရာလူငယ် နာရေးကူညီမှုအသင်းတို့က ပို့ဆောင် ပေးခဲ့ပြီး မေ ၂၉ ရက် နေ့လယ်ပိုင်းမှာ အေးငြိမ်းရာ သုဿန်မှာ မီးသဂြိုဟ်မယ်လို့ သိရပါတယ်။

အခုနှစ် နွေရာသီ အပူရှိန်မြင့်တက်မှုကြောင့် မြန်မာနိုင်ငံတဝန်း သေဆုံးသူ ၈ ဦး အထိရှိခဲ့ပြီး စစ်ကိုင်းတိုင်းမှ စစ်ရှောင်အဘွားအို တယောက် ရေဓာတ်ခမ်းခြောက်ပြီး သေဆုံးခဲ့ပါတယ်။ 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013